
APM ၊ ဖေဖော်ဝါရီ ၁၉ / ၂၀၂၃
ရက္ခိုင်ပြည်မှ ထွက်သည့်ဆန်စပါးများကို ပြည်ပသို့ တင်ပို့ရောင်းချမှုများနီ၍ လက်ဟိတွင် ပြည်အတွင်း ဆန်ဈီးနှုန်းများ အဆမတန်ထိုးတက်နီကြောင်း သိရသည်။
အယင်က ပေါ်ဆန်းမွှီးဆန်တအိတ်ကို ငါးသောင်းခွဲ၊ ၆ သောင်း၊ သီရိဒုံတအိတ်ကို ၄ သောင်းကနီ လက်ဟိတွင် ပေါ်ဆန်းမွှီးဆန်တအိတ်ကို ၇ သောင်းကျော်၊ သီရီဒုံတအိတ်ကို ၆ သောင်းနီပါးအထိဈီးနှုန်းများ ထိုးတက်နီသည်။
ယင်းသို့ ဆန်ဈီးနှုန်းများ အဆမတန်ထိုးတက်နီခြင်းမှာ စပါးဈီးနှုန်းထိုးတက်ခြင်းကိုလိုက်၍ ဆန်ဈီးနှုန်းပါ ထိုးတက်လာခြင်းဖြစ်ပြီး တဖက်မှာလေ့ ပြည်ပသို့ ဆန်စပါးများ တင်ပို့ရောင်းချမှုများနီခြင်းကြောင့်ဟု ဆန်လုပ်ငန်းသျှင်များကဆိုသည်။
ရက္ခိုင်ပြည်တွင် ပြီးခသည့်စပါးစိုက်ပျိုးရာသီ၌ မိုးနည်းခြင်း၊ မိုးမမှန်ခြင်းအပြင် ပြည်တွင်းနိုင်ငံရီး၊ စစ်ရီးအခြေ အနေများ၊ ရာသီဥတုဆိုးဝါးခြင်းများကြောင့် လယ်စိုက်ဧက ၂ သိန်းကျော်ပျက်စီးခရကာ စပါးအထွက်နှုန်းလေ့ တဝက်နီးပါးကျဆင်းလာရကြောင်း သိဟိရပါသည်။
