APM၊ ဒီဇင်ဘာ ၁၉ /၂၀၂၃
ဒီဇမ်ဘာ ၁၈ ရက်နိ၊ ညဇာ ၈ နာရီခွဲလောက်မာ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်က အပြစ်မဲ့ပြည်သူတယောက်ကို စစ်ကောင်စီတပ် ဖမ်းယူလားခကြောင်း သိရပါရေ။
ဖမ်းဆီးခံရရေလူစွာ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်က ဦး ကျော်နိုင်ဦး(၃၉နှစ်) ဖြစ်ပါရေ။
ဒီဇမ်ဘာ ၁၈ ရက်နိ ညဇာ ၈ နာရီခွဲ လောက်မာ မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ (၃၇၇) တပ်ရင်းက တပ်ဖွဲ့ဝင် ၃၀ ကျော်လောက်စွာ တောင်ရပ် ရပ်ကွက်ထဲသို့ဝင်လာပနာ ကံလှတန်းထားဦးအနားမာ ဆိုင်ကယ်နန့် လားနီရေ ဦးကျော်နိုင်ဦး ကို ဖမ်းယူလားခစွာလို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
လက်ဟိမာ ဦးကျော်နိုင်ဦး ကို ခမရ (၃၇၇) တပ်ရင်းမာ ထိန်းသိမ်းထားကြောင်း သိရပါရေ။
Please follow and like us: