APM ၊ ဒီဇမ်ဘာ ၁၉ / ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၁၉ ရက်နိ) နိခင်း ၁၁ နာရီကျော်လောက်ကစလို့ စစ်ကောင်စီစွာ ရမ်းဗြဲမြို့နန့် အနီးအနားကျေးရွာတိကို ရီကြောင်းကနီ လက်နက်ကြီးနန့် ယမ်းကား ပစ်ခတ်ခကြောင်း ညီနောင် (၃) ဖွဲ့ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာလ (၁၉) ရက်နိ၊ နယ်မိုးထ (၁၁) နာရီ (၁၃) မိနစ်အချိန်လောက်ကစ၍ နိခင်း (၁၂) နာရီ (၃၈) မိနစ်အချိန်ထိ ရမ်းဗြဲမြို့နယ်၊ ကလိန်တောင်မြစ်ဟိ စစ်ကောင်စီ၏ ဇက်ရီယာဉ်တစီးက ရမ်းဗြဲမြို့နန့် အနီးအနားကျေးရွာတိသို့ လက်နက်ကြီး (၁၀) ကြိမ် ယမ်းကားပစ်ခတ်ခသည် လို့ဖော်ပြထားပါရေ။
ယင်းအပြင် ဒေနိ၊ နိခင်း ၁၂ နာရီ ၁၂ မိနစ်အချိန်မာ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်အခြီစိုက် စစ်ကောင်စီ၏ တပ်မ (၂၂) လက် အောက်ခံ ခမရ (၂၀၉) တပ်ရင်း က MA-7 နန့် (၃) ကြိမ် ယမ်းကားပစ်ခတ်ခလို့ဘူးသီးတောင်မြို့နယ်၊ ဆင်သီပြင် (မူဆလင်)ရွာ၏ မြောက်ဖက် မီတာ (၁၈၀) လောက်အကွာမာ လက်နက်ကြီးကျည်တိ ကျရောက်ပေါက်ကွဲခရေလို့ ဆိုပါရေ။
ယင်းအပြင် ဒေနိ၊ မိုးထ ၅ နာရီ၃ မိနစ်အချိန်ကစလို့ မောင်တောမြို့၊ မြို့သူကြီး အခြီစိုက် စစ်ကောင်စီ၏ နခခ (၅) တပ်ရင်းက ၈၁ မမ နန့် အဆက်မပြတ် ယမ်းကား ပစ်ခတ်ခရေလက်နက်ကြီးကျည်တိစွာ မောင်တောမြို့နယ်၊ ပန်းတောပြင်ရွာသစ်၏ မြောက်ဖက် မီတာ (၂၆၀) လောက်အကွာ၊ ကံသာယာ (အလယ်) ရွာ၏ တောင်ဖက် မီတာ (၁၈၀) အကွာနန့် ကံသာယာ (အထက်) ရွာ၏ တောင်ဖက် မီတာ (၄၆၀) လောက်အကွာအသီးသီးသို့ ကျရောက်ပေါက်ကွဲခပါသိမ့်ရေ။
အလားတူ ကျောက်တော်မြို့အခြီစိုက် အမှတ် (၉) စစ်ဆင်ရီးကွပ်ကဲမှုဌာနချုပ်ကလည်း ဒေနိ၊ မိုးထစောစော ၁ နာရီ ၁၄ မိနစ်အချိန်လောက်မာ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တိဟိရာနီရာတိသို့ ၆၀ မမ၊ ၈၁ မမ နန့် လက်နက်ကြီး (၆) လုံး ယမ်းကားပစ်ခတ်ခရာ (၅) လုံး ကျရောက်ပေါက်ကွဲခရေလို့ သိရပါရေ။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီးအတွင်း မမျှော်မှန်းထားရေ ဆုံးယှုံးမှုအမြောက်အမြားကို ကြုံတွိနီရရေ စစ်ကောင်စီ အဖို့ အရပ်သားပြည်သူတိကို ပစ်မှတ်ထားတိုက်ခိုက်စွာတိ၊ မတရားဖမ်းဆီးစွာတိကို နီရာအနှံ့ နိတိုင်း လုပ်ဆောင်လာနဖိရေပိုင် တဆက်တည်းမာပင် စစ်ရီးအရ လက်ရည်တူမယှဉ်ပြိုင်နိုင်သမျှ ကာလပတ်လုံး ၎င်း၏ ကျင့်သုံးနီကျ လီဆယ်သတင်းတု၊ သတင်းမှားတိနန့်အတူ နိုင်ငံရီးအောက်လုံးတိနန့် ရည်ရွယ်ချက်ဟိဟိ ဦးတည် တိုက်ခိုက်လာစွာကို ခပ်စိပ်စိပ်တွိမြင်လာနီရရေလို့ ဖော်ပြထားပါရေ။
ယင်ယအပြင် စစ်ကောင်စီအခြီစိုက်တပ်စခန်းတိက အရပ်သားပြည်သူတိနီထိုင်ရာ မြို့၊ ရပ်ရွာတိကို လက်နက်ကြီး၊ ငယ်တိအပြင် ရီကြောင်း၊ လီကြောင်းက အကြောင်းမဲ့ပစ်ခတ်ခြောက်လှန့်ပနာ နီရပ်စွန့်ခွာစီပြီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တိစွာ အရပ်သားပြည်သူတိ၏ အိုးအိမ်၊ ပိုင်ဆိုင်မှုပစ္စည်းတိကို ခိုးယူ၊ ဖျက်ဆီးစွာတိကို ဆက်တိုက်ကျူးလွန်နီကတ်စွာတိ ပိုလို့အဖြစ်များလာလျက်ဟိကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။