
APM ၊ ဒီဇမ်ဘာ ၁၉ / ၂၀၂၃
စစ်ကောင်စီစွာ နိုင်ငံရီးညစ်လုံးတိဖန်တီးခြင်းနန့် သတင်းတု၊သတင်းမှားတိကိုရည်ရွယ်ချက်ဟိဟိ ဖြန့်ဝီပနာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ကို တိုက်ခိုက်လုပ်ဆောင်လာကြောင်း ULA က ဒေနိ အသိပီးထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ ” ၁၀၂၇ စစ်ဆင်ရီးစတင်ပြီးနောက်ပိုင်း စစ်ရီး၊ နိုင်ငံရီး၊ သံတမန်ရီးအပါအဝင် အဖက်ဖက်မာ ချွတ်ခြုံကျနီပြီးကေအကျပ်အတည်းမျိုးစုံအောက် ရောက်ဟိနီရေ အာဏာသိမ်း တရားမဝင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီစွာ စစ်ရီးအရ မိမိရို့ကို လုံးဝ မယှဉ်နိုင်ဆိုစွာကို အားလုံးအသိပင်ဖြစ်ပါရေ။ ယင်းကြောင့် နိုင်ငံရီးညစ်လုံး တိကိုဖန်တီးခြင်းနန့် သတင်းတု၊ သတင်းမှားတိကိုရည်ရွယ်ချက်ဟိဟိ ဖြန့်ဝီခြင်းနန့် စစ်ကောင်စီစွာ ၎င်းရို့ကို စစ်ရီးအရ အဓိကယှဉ်ပြိုင်တိုက်ခိုက်လျက်ဟိရေ အဖွဲ့အစည်းတိကို နိုင်ငံရီးအောက်လုံးတိသုံးပနာ ထိုးနှက်တိုက်ခိုက်လိဟိရေအတိုင်း မိမိရို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)ကိုလည်း သတင်းတု၊ သတင်းမှားတိလုပ်ကြံဖန်တီးလျက် တိုက်ခိုက်လုပ်ဆောင်လာခရေ” လို့ ဖော်ပြထားပါရေ။
စစ်ကောင်စီစွာ အပြစ်မဲ့ပြည်သူတိကို ဖမ်းဆီးစွာ၊ သတ်ဖြတ်စွာ၊ အလောင်းမရအောင်ဖျောက်ဖျက်စွာ၊ ကျေးရွာ၊ မြို့ကြီးတိကို မီးတိုက်စွာ၊ လီကြောင်း၊ ရီကြောင်း၊လက်နက်ကြီး၊ ဒရုန်းတိနန့် နိတိုင်းတိုက်ခိုက်စွာ စရေ လုပ်ဆောင် ချက်တိကို မြန်မာတပြည်လုံးအနှံ့ လှည့်ပတ်လို့ နိစဉ်ရက်ဆက်ကျူးလွန်လျက်ဟိပြီးကေ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်မှုတိကို ပြုလုပ်နီစွာကိုလည်း တကမ္ဘာလုံးအသိပင်ဖြစ်တေလို့ ဆိုပါရေ။
ယင်းနည်းတူ ရက္ခိုင်ဒေသအတွင်းမာလည်း မြို့ရွာတိကို ပိတ်ဆို့ပနာ ပြည်သူတရပ်လုံး အငတ်ဖီးဆိုက်ရောက်အောင် ပြုလုပ်ထားစွာ၊ အသက်ရှင်သန်ရီးအတွက် အဓိကလိုအပ်တေ အခြီခံစားသုံးကုန်ပစ္စည်းတိဖြစ်ကတ်တေ ဆန်၊ ဆီ၊ ဆား၊ ဆီးဝါးတိကို လုံးဝ ပိတ်ဆို့ထားစွာ၊ တနီရာက တနီရာ၊ တမြို့နယ်က တမြို့နယ်သို့ မပို့နိုင်အောင်နန့် လားလာလို့ မရနိုင်အောင် ကုန်းလမ်း၊ ရီလမ်းတိကို ပိတ်ဆို့ဖြတ်တောက်ထားစွာ၊ ရီလုပ်ငန်းတိပိုင် အခြီခံအသက်မွီးဝမ်းကျောင်း လုပ်ငန်းတိ၊ တနိုင်တပိုင် ငါးဖမ်းလုပ်ငန်းတိကို ကန့်သတ်ပိတ်ဆို့တားမြစ်ထားပနာ ယင်းလုပ်ငန်းတိမလည်ပတ်နိုင်အောင် ပြုလုပ်ထားစွာ၊ စပါးရိတ်သိမ်းလို့ မရအောင်လက်နက်ကြီး၊ လက်နက်ချေတိနန့် ပစ်ခတ်နှောင့်ယှက်စွာတိကို အကြမ်း ဖက်စစ်ကောင်စီဖက်ဆစ်တပ်စွာ ၁၀၂၇ စစ်ဆင်ရီးကာလအတွင်းမာ အယင်ထက် ပိုလို့လုပ်ဆောင်လာခပြီးကေ စစ်ရာဇဝတ်မှုနန့်လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်လျက်ဟိရေလို့ သိရပါရေ။
ယင်းအပြင် “စစ်ကောင်စီစွာ ၎င်းရို့အဓိကကြီးစိုးရာ နီရာတိဖြစ်တေ နီပြည်တော်၊ ရန်ကုန်၊မန္တလေး၊ ပြင်ဦးလွင်နန့် ၎င်းရို့လက်သပ်မွီးထားရေ ပြည်သူ့စစ်တိကြီးစိုးရာနီရာတိမာ ကျားဖျင်လို့ ခေါ်ရေ အွင်လိုင်းငွေကြေးလိမ်လည်မှုတိကို လုပ်ကိုင်ကတ်တေ လူတိကို လက်ခံထားစွာ၊ ၎င်းရို့ကိုယ်တိုင် ဝီစုခွဲယူစွာရို့အပြင် ကျားဖျင်နန့်မူးယစ်ဆီးဝါးတိထုတ်လုပ် ဖြန့်ဝီနီမှုတိမာ ၎င်းရို့၏ စစ်ဖက်ဆိုင်ရာ အရာဟိကြီးတိ၊ ဝန်ကြီးတိကိုယ်တိုင် တိုက်ရိုက်ပါဝင်ပတ်သက်လျက်ဟိ ပြီးကေ ၎င်းကို ဖုံးဖိဖို့အတွက် မြန်မာစစ်တပ်၏ စစ်ဖက်ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတိ၊ ဝန်ကြီးတိကို ရာထူးဖြုတ်စွာ၊ ထောင်ချစွာတိကို ပြုလုပ်နီရရေ စစ်ကောင်စီက မိမိရို့ကို မူးယစ်ဆီးဝါးနန့်ဆက်စပ်တေလို့ စွပ်စွဲပြီးကေ နိုင်ငံရီးအောက်လုံးတိနန့် တိုက်ခိုက်ဖို့ ကြိုးစားရေ လုပ်ရပ်စွာ သူခိုးက လူ ပြန်ဟစ်စွာရာဖြစ်တေ” လို့ ULA က ဆိုပါရေ။
ဒီဇမ်ဘာ ၅ ရက်နိက ပေါက်တောမြို့နယ်၊ မနော်သီရိရွာ ဖြစ်စဉ်မာလည်း အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်စွာ စစ်ရီယာဉ်ထက်တိကနီ လက်နက်ကြီးတိနန့် ပစ်ခတ်ပြီးကေ ရွာအတွင်းသို့ဝင်ရောက်မီးတိုက်ခပြီးနောက် အပြစ်မဲ့ပြည်သူနှစ်ယောက်ဖြစ်တေ ဦးဘထွန်း (၅၆ နှစ်) နန့် ဦးဇော်မတက် (၃၀ နှစ်) ရို့ကိုမတရားဖမ်းဆီးခပြီးကေ သူရို့နှစ်ယောက်ကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပနာ မနော်သီရိရွာကို မီးတိုက်ခစွာရေ ရက္ခိုင့်တပ်တော်ကဖြစ်ကြောင်း အတင်းအဓမ္မပြောဆိုခိုင်းပြီးကေ ULA/AA ကို အထင်အမြင်မှားအောင် အပြစ်ပုံချရေ လုပ်ရပ်ကို လုပ်ဆောင်လျက် ပြည်သူနန့် သွီးခွဲ ရန်တိုက်စွာ၊ နိုင်ငံရီးညစ်လုံးတိနန့် လီဆယ်သတင်းထုတ်ပြန်စွာတိကို ပြုလုပ်ခပါရေ။
ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ရယူထားရေ စစ်ကောင်စီ၏ မီဒီယာတိက ထုတ်ပြန်ရေ မူးယစ်ဆီးဝါးကိစ္စတိနန့် ပတ်သက်လို့ ULA/AA ကို စွပ်စွဲထားရေ သတင်းမာလည်း ULA/AA နန့် လုံးဝပတ်သက်မှုမဟိကြောင်း၊ အယင်ကာလတိကပင် စစ်ကောင်စီစွာ စစ်ရီးအရမယှဉ်နိုင်ရေအချိန်တိုင်းမာ အဂုပိုင် နိုင်ငံရီးညစ်လုံးတိကိုသုံးပနာ တိုက်ခိုက်ဖူးရေ သာဓကဟိခဖူးကြောင်း နန့် ဒေဂုစွပ်စွဲချက်စွာလည်း စစ်ကောင်စီ၏ လုပ်လိလုပ်ထဟိရေ နိုင်ငံရီး ညစ်လုံးတခုရာဖြစ်ကြောင်းကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ အသိပေးထုတ်ပြန်ချက်မာ အတိအလင်း အသိပီးထားစွာကို တွိရပါရေ။



