APM ၊ ဒီဇမ်ဘာ ၁၉/ ၂၀၂၃
မြန်မာပြည်ဟိ လူဦးရေ ၁၈ သန်းကျော်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပီးအပ်နိုင်ရီးအတွက် အလှူငွေ ဒေါ်လာ ၁ ဘီလီယံ အရေးပေါ်လိုအပ်နီရေလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရီးရုံး (OCHA)၏ ဒီဇမ်ဘာ ၁၈ ရက်နိမာ အစီရင်ခံစာ ထုတ်ပြန်ပါရေ။
မြန်မာပြည်မာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနန့်ရင်ဆိုင်နီရပြီးကေ အရပ်သားပြည်သူတိစွာ အန္တရာယ်များရေ စိုးရိမ်ထိတ်လန့်မှု အခြေအနီနန့် ကြုံတွိနီရရေလို့ ဆိုပါရေ။
လက်ဟိလူသားချင်းစာနာထောက်ထားမှုအကူအညီတိလိုအပ်နီရေ လူပေါင်း ၁၈.၆ သန်းစွာ လွန်ခရေ တနှစ်ကထက် လူဦးရေ ၁ သန်းတိုးလာရေ အရေအတွက် ဖြစ်ပြီးကေ အာဏာသိမ်းမှုအတိုင်ခင် ၂၀၂၀ ခုနှစ်ကထက် ၁၉ ဆ ပိုများလာရေလို့ သိရပါရေ။
အိုးမဲ့အိမ်မဲ့ဖြစ်ရမှုတိကြောင့် အချေ ၆ သန်းလောက်စွာ အကျပ်အ တည်းဒဏ်ကို ကြုံတွိနီကတ်ရရေအပြင် ရွှိပြောင်းနီထိုင်မှု၊ ကျန်းမာရီးစောင့်ယှောက်မှု၊ ပညာရီး၊ အစားအစာမဖုံလုံမှုနန့် အာဟာရချို့တဲ့မှု၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတိအပါအဝင် မလုံခြုံမှုတိကို ခံစားနီကတ်ရရေလို့ ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
ယင်းအပြင် ၂၀၂၄ ခုနှစ်မာ အကြမ်းဖက်မှုတိအခြေအနီပိုဆိုးလာနိုင်ကြောင်းနန့် အရပ်သားတိအပေါ်ကျူးလွန်နီရေ အကြမ်းဖက်မှုတိကို ရှုတ်ချကြောင်း အစီရင်ခံစာမာ ဖော်ပြထားပါသိမ့်ရေ။
ဆိုးရွားရေ အခြေအနီတိကြောင့် ၂၀၂၄ ခုနှစ်မာ မြန်မာပြည်တွင်းဒုက္ခသည်တိအတွက် ဦးစားပီးအကူအညီပီးနိုင်ရီးအဖြစ် သတ်မှတ်ခံထားရရေ လူပေါင်း ၅.၃ သန်းကိုကူညီပီးဖို့ကိုလည်း OCHA ကတောင်းဆိုထားပါရေ။
Source – Myanmar Humanitarian Needs and Response Plan 2024 (December 2023)
Photo – WFP