APM၊ ဒီဇမ်ဘာ ၁၉/ ၂၀၂၂
အာဆီယံ ဒေသအတွင်း လာအို ပြီးလျှင် ငွေကြေး ဖောင်းပွမှု ဒုတိယအဆိုးရွားဆုံးနိုင်ငံမှာ မြန်မာ ဖြစ် လာကြောင်း အာသျှဖွံဖြိုးရီးဘဏ် (ADB)မှ ဒေဂုနှစ် ဒီဇမ်ဘာလ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြ သည်။
ယင်းအစီရင်ခံစာအရ မြန်မာပြည်၏ ၂၀၂၀ခုနှစ် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၃ ရာခိုင်နှုန်းဟိခရာမှ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခု နှစ်မှာ ၁၉ ဒသမ ၄ရာခိုင်နှုန်းအထိ တိုးလာကြောင်း ဖော်ပြထားသည်။
တနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀ ရာခိုင် နှုန်းနီးပါးအထိတိုးမြင့်လာသည်ဟု ADBကထောက် ပြသည်။
ယင်းသို့ ငွေကြေး ဖောင်းပွမှုနှုန်း တိုးလာခြင်းမှာ ပြည် တွင်းလည်ပတ်နီသည့်ငွေကြေးပမာဏ များ ပြားနီပြီး၊ ပြည် တွင်းထုတ်ကုန်ပမာဏနည်းပါးခြင်းကြောင့်ဟု သုတေသီများက ဆိုသည်။
ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများအရ ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ် ကာလများအတွင်း မြန်မာပြည်၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းထားမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းရာ ဟိခကြောင်း သိရသည်။
Photo – Reuters