APM၊ ဒီဇမ်ဘာ ၁၉/၂၀၂၂
ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ညဇာကစ၍ ပြင်သစ်နိုင်ငံ၊မြို့ကြီးများ၌ အဓိကရုဏ်းများ ပေါ်ပေါက်လာသဖြင့် လုံခြုံရီးတပ်ဖွဲ့ ဝင်များမှ မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရကြောင်းသိရသည်။
အာဂျင်တီးနားမှ ပြင်သစ်ကို ပင်နတီဖြင့် အနိုင်ရပြီးနောက် ဘောလုံးပရိသတ် ထောင်ပေါင်းများစွာရို့က ပဲရစ်မြို့၊ နိုက်စ်မြို့နန့် လိုင်ယွန်မြို့များ၏ လမ်းမများထက်သို့တက်လာပြီး ဆူပူမှုများ ပြုလုပ်ခကတ်သည်။
ပဲရစ်မြို့အထင်ကရနီရာများ၌ဘောလုံးပရိသတ်များသည် မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊လုံခြုံရီးတပ်ဖွဲ့ ဝင်များ အား တိုက်ခိုက်ခြင်းများကြောင့် လုံခြုံရီးတပ်ဖွဲ့ဝင်များနန့် ပရိသတ်များအကြား ထိပ်တိုက်တွိခသည်။ ဘောလုံး ပရိသတ်များမှ လုံခြုံရီး တပ်ဖွဲ့ဝင်များအား ကျောက်တုံးကျောက်ခဲ၊ ပုလင်းခွံ၊ မီးရှူးမီးပန်းများဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် လုံခြုံရီးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးသုံးကာ လူစုခွဲခရသည်။
ရဲတပ်ဖွဲ့ဝင်များက လူအုပ်ကြီးများကို ချက်ချင်းလူစုခွဲဖို့ ကြေညာခပြီး၊ ဒါဇင်နန့်ချီသည့်လူများကိုလေ့ ဖမ်းဆီး ထိန်းသိမ်းခရသည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြကတ်သည်။
နိုက်စ်မြို့နန့်လိုင်ယွန်မြို့ရို့တွင်လေ့ ဘောလုံးပရိသတ်များကမီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းအပြင် မီးတိုက်ခြင်း များကိုပါပြုလုပ်၍ အရေးပေါ်ကူညီကယ်ဆယ်ရီးကားများခေါ်ယူခရပြီး၊ သက်ဆိုင်ရာတာဝန်ဟိသူများမှ အခြေ အနေကိုထိန်းသိမ်းနိုင်ဖို့ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ခ ကြောင်း သိရသည်။
လတ်တလောတွင် ကမ္ဘာ့ဖလားပွဲစဉ်များနန့်အတူ ဥရောပဒေသ အတော်တော်များများမှာ အကြမ်းဖက်မှုများ ပေါ်ပေါက်ခကြောင်း သိရသည်။
Photo- The Sun