
APM၊ ဒီဇမ်ဘာ ၁၉/၂၀၂၂
မြန်မာစစ်တပ်ကဖမ်းပြီး စစ်တွေတရားရုံး၌ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်သျှင်တဦးကို ဒေနိ(ဒီဇမ်ဘာ ၁၉ ရက်နိ) ရုံးချိန်းမှာ စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁နန့်ပါ တရားထပ်စွဲလိုက်ကြောင်း သိရသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ နန့်ပါ တရားထပ်စွဲခံလိုက်ရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်သျှင်မှာ ဦးလှမောင်သန်း (၄၃နှစ်) ဖြစ်သည်။
ဦးလှမောင်သန်းကို ကုန်ခသည့်အောက်တိုဘာ ၂ ရက်နိက ကန်စောက်အခြီစိုက် မြန်မာစစ်တပ် ခမရ (၅၃၉) တပ် ရင်းမှူးမှ ဖုန်းဆက်ခေါ်၍ အပေါက်ဝကျေးရွာမှ ဦးမောင်ချေ (၃၉နှစ်)နန့်အတူ လားရောက်စဉ် ၂ ယောက်စလုံးကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်ခြင်း ဖြစ်သည်။
ကနဦးတွင် ဦးလှမောင်သန်းနန့်ဦးမောင်ချေရို့ ၂ ယောက်စလုံးကို စစ်တွေမြို့နယ်တရားရုံး၌ ပုဒ်မ ၁၇ (၁)နန့် တရား စွဲထားခပြီးနောက် ဒေနိ ရုံးထုတ်စစ်ဆီးရာတွင် ဦးလှမောင်သန်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၁ နန့်ပါ ထပ်မံ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။
လက်ဟိတွင် ဦးလှမောင်သန်းနန့်ဦးမောင်ချေရို့ ၂ယောက်စလုံးအား စစ်တွေအမှတ်(၁)ရဲစခန်း၌ ချုပ်နှောင်ထားပြီး၊ လာမည့် ဒီဇမ်ဘာ ၂၆ ရက်နိတွင် ထပ်မံ ရုံးချိန်းထားကြောင်း သိရသည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၁ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက တသက်တကျွန်းဒဏ် ဖြစ်စီ၊ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စီ ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လေ့ ချမှတ်နိုင်ကြောင်း သိဟိရသည်။
