APM၊ ဒီဇမ်ဘာ ၁၉/၂၀၂၂
ကမ္ဘာ့ဖလားချန်ပီယံအဖြစ် နိုင်ငံတကာပွဲများကို ဆက်လက်ကဇတ်လိုကြောင်း၂၀၂၂ကမ္ဘာ့ဖလား၏ အကောင်းဆုံး ကဇတ်သမား၊ အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူး၊ ကမ္ဘာ့ဖလားချန်ပီယံ မက်ဆီက ပြောကြားလိုက်သည်။
“ကျနော်စွာ ကမ္ဘာ့ဖလားနန့် ကိုပါအမေရိက ဖလားပြိုင်ပွဲတိမှာ ဗိုလ်စွဲအောင် ကဇတ်နိုင်ခပြီးပါဗျာယ်။ ဒေဂုပိုင် နိုင်ငံ့ လက်ရွီးစင်အသင်း ကဇတ်သမားတိနန့်အတူကဇတ်ရစွာ ပျော်ရွှင်မိပါရေ။ ကမ္ဘာ့ဖလား ချန်ပီယံအဖြစ်နန့် နိုင်ငံတကာ ပြိုင်ပွဲတိမှာ နောက်ထပ် ကဇတ်ချင်ပါသိမ့်ရေ။ ဒေချင့်စွာ ကျနော်ရို့ ကဇတ်သမားတိုင်း၏ အိမ်မက် ဖြစ်ပါရေ”ဟု မက်ဆီက ပြောသည်။
ညဇာက(ဒီဇမ်ဘာ ၁၈ ရက်နိက) ကဇတ်ခသည့် ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ မက်ဆီ ဦးဆောင်သည့် အာဂျင် တီးနားအသင်းနန့်လိုရစ်ဦးဆောင်သည့်ပြင်သစ်အသင်း ရို့သည်အတောင့်တင်းဆုံးလူစာရင်း၊အကောင်းဆုံး ဗျူ ဟာများ နန့် ပွဲထွက်ကဇတ် ခကတ်သည်။
ပထမပိုင်း ပွဲချိန် ၂၃ မိနစ်မှာ အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးအဖြစ် အသင်း၏ပင်နတီဂိုးကို မက်ဆီက သွင်းယူ နိုင်ခသည်။ ပွဲချိန် ၃၆ မိနစ်မှာလေ့ ဒီမာရီယာက အာဂျင်တီးနား၏ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူကာ ပထမပိုင်းအပြီး၌ အာဂျင်တီးနားက ပြင်သစ်ကို ၂ ဂိုးအသာနန့် ဦးဆောင်ထားနိုင်ခသည်။
သို့သော် ဒုတိယပိုင်းမှာတော့ ပြင်သစ်တိုက်စစ်မှူး ဘာပေက ပင်နတီဂိုး အပါအဝင် ချေပဂိုး ၂ဂိုးနန့်အတူသရေဖြစ် ခရပြီး၊ အချိန်ပိုကဇတ်ရာ၌လေ့ တဖက် ၁ ဂိုးစီအပြန်အလှန်ဂိုးသွင်းခကတ်၍ (၃ ဂိုး- ၃ ဂိုး)ဖြင့် သရေကျခရပြန် ပါသည်။ နောက်ဆုံး ပင်နတီတွင် အာဂျင်တီးနားက ပြင်သစ်ကို (၄ ဂိုး – ၂ ဂိုး)ဖြင့်အနိုင်ရပြီး၊ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုကို အာဂျင်တီးနား သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
ယင်းသို့ အာဂျင်တီးနားသည် ပြင်သစ်အသင်းကို ပင်နတီနန့် ဗိုလ်စွဲကာ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားချန်ပီယံ အသင်း ဖြစ်လာခပြီး၊ အသင်းဂေါင်းဆောင် မက်ဆီလေ့ ကမ္ဘာ့ဖလား၏ “အကောင်းဆုံးကဇတ်သမားဆု”ကို ရဟိခသည့် အပြင်၊ နောက်ထပ် အာဂျင်တီးနားအသင်းမှ “အကောင်းဆုံးဂိုးသမားရွှေလက်အိတ်ဆု”ကို ဂိုးသမားမာတီနက်ဇ် ကရဟိခပိုင်ကမ္ဘာ့ဖလား”လူငယ်အကောင်းဆုံးကဇတ်သမားဆု”ကိုလေ့ အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန် ဒက်ဇ် က ရဟိခကြောင်း သိရသည်။