APM ၊ နိုဗမ်ဘာ ၁၉ /၂၀၂၃
ဒေဂနိကျရောက်တေ ရက္ခိုင့်တပ်တော်AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း (၉) နှစ်ပြည့် နှစ်ပတ်လည်နိမာ ရက္ခိုင့်တပ်တော်က သဘောထားကြေညာချက် ထုတ်ပြန်ပါရေ။
သဘောထားကြေညာချက်မာ “KIA ဌာနချုပ်နယ်မြီအတွင်းဟိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်းမာ စစ်ပညာသင် ယူနီကတ်တေ ရက္ခိုင့်တပ်တော်က ဗိုလ်လောင်း (၈) ဦးနန့် အခြားတိုင်းရင်းသားတော်လှန်ရီးလက်နက်ကိုင် အဖွဲ့အစည်း အချို့က ဗိုလ်လောင်းတိအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးရို့စွာ ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာ ၁၉ ရက်နိ မြန်မာစစ်တပ်က လက်နက်ကြီးတိနန့် အလစ်အငိုက်အကောက်ကြံ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗိုလ်သင်တန်းကျောင်းဝင်းထဲမာပင် အသက်ကြွီလွင့်ခရပါရေ လို့ဖော်ပြထားပါရေ။
ဂနိ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၉ ရက်နိစွာ အဆိုပါ ဗိုလ်လောင်းတိ တိုင်းပြည်နန့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ယင်း အသက်ပီးဆပ်ခရစွာရေ (၉) နှစ်ပြည့်မြောက်သည့် နိဖြစ်တေပိုင်၊ ရက္ခိုင့်တပ်တော် အနီနန့် နိုဗမ်ဘာ ၁၉ ရက်နိကို ရောက်တိုင်း အမြဲတမ်း သတိရနီဖို့ဖြစ်ပြီးကေ ကျဆုံးလားခရေ ဗိုလ်လောင်းရို့အား ဇာခါလေ့သင့် မိလီဖို့မဟုတ်လို့ AA ကဆိုပါရေ။
၂၀၁၄ ခုနှစ် နိုဗမ်ဘာ ၁၉ ရက်နိ အလစ်အငိုက်အကောက်ကြံတိုက်ခိုက်ခံရမှုမာ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခရပြီး ယင်းအထဲ ရက္ခိုင့်တပ်တော် AA က ၈ ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် TNLA က ၁၁ ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က ၂ ဦးနန့် ချင်းအမျိုးသားတပ်ဦး CNF က ၂ ဦးပါဝင်ကြောင်း သိရပါရေ။