
APM ၊ နိုဗမ်ဘာ ၁၉ /၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၁၉ ရက်နိ) ဘူးသီးတောင်မြို့နယ်မာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နွားတကောင်သီဆုံးလားကြောင်း သိရပါရေ။
ဖြစ်စဉ်မာ ဒေနိညဇာ ၃ နာရီ ၄၅ မိနစ်ကဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း(ရက္ခိုင်)ရွာဘုန်းကြီးကျောင်းတောင်ကုန်းမာ တပ်စွဲထားရေ စစ်ကောင်စီတပ် တပ်မ(၂၂) လက်အောက်ခံ ခမရ(၂၀၆)တပ်ရင်းက ကျွဲတက်ပြင်(မူဆလင်)ရွာဖက်သို့ လက်နက်ကြီး ၃ ချိန်းပစ်ခတ်ခပါရေ။
ယင်းထဲက လက်နက်ကြီးကျည်တလုံးစွာ ကျွဲတက်ပြင်(မူဆလင်)ရွာထဲသို့ ကျရောက်ပေါက်ကွဲခပြီးကေ ယင်းရွာက ဦးမာမောက်ဇော်လီ ပိုင်ဆိုင်ရေ ၃ နှစ်သားနွားမတကောင်သီဆုံးလားပါရေ။
ရက္ခိုင့်တပ်တော် AA နန့် တိုက်ပွဲဖြစ်ပွားချိန်ကစလို့ စစ်ရီးအရ အဖက်ဖက်က အယှုံးနန့် ရင်ဆိုင်နီရရေ စစ်ကောင်စီတပ်စွာ ရက္ခိုင်ပြည်အတွင်း အပြစ်မဲ့ဒေသခံပြည်သူတိနီထိုင်ရာ မြို့၊ရွာတိကို အဓိကထား ဦးတည်တိုက်ခိုက်လို့ဟိနီပါရေ။


