APM ၊ အောက်တိုဘာ ၁၉/၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးကေ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရရေ ကျောက်တော်က ၇ယောက်အမှုကို ဒေနိ(အောက်တိုဘာ ၁၉ ရက်နိ) စစ်ကောင်စီ၏ ကျောက်တော်မြို့နယ်တရားရုံးမာ ရုံးထုတ်ခကေလေ့ ဒု-မြို့နယ်တရားသူကြီး ဦးကျော်လင်းထိုက်က လိုပြသက်သီမရောက်လို့ အကြောင်းပြပနာ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရပါရေ။
ပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရလူတိမာ မင်းပြားမြို့နယ်က အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ကျောက်တော်မြို့နယ် ဝပြန်ရွာက ကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ်အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက်က ကိုကျော်မောင်လင်း ရို့ ဖြစ်ကတ်ပါရေ။
အမှုကို ဒေနိနိခင်း စစ်ကောင်စီ၏ကျောက်တော်မြို့နယ်တရားရုံးမာ ရုံးထုတ်ခကေလေ့ ဒု-မြို့နယ်တရားသူကြီး ဦးကျော်လင်းထိုက်က လိုပြသက်သီမရောက်လို့ဆိုပနာ မစစ်ခဘဲ လာဖို့ နိုဗမ်ဘာ ၂ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်ပါရေ။
သူရို့ ၇ယောက်စွာ ပြီးခရေ ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် စစ်ဆီးရီးဂိတ်တိမာ အသီးသီးဖမ်းဆီးခံခရပြီးကေ ရက္ခိုင့်တပ်တော်(AA)နန့် ဆက်စပ်တေလို့ မတရား စွပ်စွဲပနာ ပုဒ်မ ၁၇ (၁) နန့် တရားစွဲဆိုခံထားရစွာဖြစ်ပါရေ။
လက်ဟိ သူရို့ ၇ ယောက်ကို စစ်ကောင်စီ၏ ကျောက်တော်မြို့မရဲစခန်းမာချုပ်နှောင်ထားပြီးကေ ယင်းသို့ ရုံးချိန်း အကြိမ်ကြိမ်အရွှိခံနီလို့ စွပ်စွဲခံရလူအမှုသည်တိမာ နစ်နာနီကတ်ရကြောင်း သိဟိရပါရေ။