
APM အောက်တိုဘာ ၁၉ / ၂၀၂၃
ရက္ခိုင်တေးသံသျှင် ရီလှိုင်းပြာ၏ (FORMATION album) တေးစီးရီးစာနယ်ဇင်းမိတ်ဆက်ပွဲကို ဒေလ အောက်တိုဘာ ၂၂ ရက်နိ စစ်တွေမြို့မာ ကျင်းပလားဖို့လို့ ရီလှိုင်းပြာကိုယ်တိုင်က ပြောပါရေ။
ယင်းတေးစီးရီးစာနယ်ဇင်းမိတ်ဆက်ပွဲကို စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်၊ ရွှေရိုးရာ စားသောက်ဆိုင်မာ ဒေလ အောက်တိုဘာ ၂၂ ရက်နိ နိခင်း ၁ နာရီလောက်ကစပနာ ညဇာ ၃ နာရီအထိ ကျင်းပ ပြုလုပ်လားဖို့လို့ ဆိုပါရေ။
“အစ်မမာ (FORMATION album) ဆိုရေ တေးစီးရီးအသစ်တခု ထုတ်ဖို့ဟိပါရေ။ ယင်းတေးစီးရီးအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို လာဖို့ အောက်တိုဘာ ၂၂ ရက်နိမာ စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်၊ ရွှေရိုးရာ စားသောက်ဆိုင်မာ နိခင်း ၁ နာရီကပင် ၃ နာရီအထိ ပြုလုပ်လားဖို့ဟိရေ” လို့ အဆိုတော်ရီလှိုင်းပြာက ပြောပါရေ။
ယင်းပွဲကို ရက္ခိုင်ပြည်က မီဒီယာတိအားလုံးတက်ရောက်ဖို့ အွန်လိုင်းကတဆင့် ဖိတ်ကြားထားရေအပြင် စာနယ် ဇင်းသမားတိ၊ တေးရွီးဆရာတိ၊ ရက္ခိုင်အဆိုတော်တိနန့် အမာခံပရိတ်သတ်တိကိုလည်း ကြွရောက်ဖို့ ချစ်ခင်ရင်းနှီးစွာ အလေးအနက် ဖိတ်ထားရေလို့ ဆိုပါရေ။
ယင်း (FORMATION album) တေးစီးရီးကိုတော့ လာဖို့ နိုဗမ်ဘာ ၁၂ ရက်နိကစပနာ DVD ခွေတိအပြင် USB Stick တိနန့်လည်း ပြည်သူတိဘားသို့ ဖြန့်ချီလားဖို့လို့ သိဟိရပါရေ။


