
APM ၊ အောက်တိုဘာ ၁၉ / ၂၀၂၃
ကချင်ပြည်၊ ရွှေကူမြို့နား ငါးဘတ်ကြီးကျေးရွာဟိ မြန်မာစစ်တပ်ဆက်သွယ်ရီးတပ်စခန်းကို ကချင်လွတ်မြောက်ရီး တပ်မတော် KIA နန့် PDF ပူးပေါင်းတပ်ဖွဲ့ရို့က အောက်တိုဘာ ၁၈ ရက်နိ မိုးထ၆ နာရီအချိန်လောက်မာ တိုက်ခိုက်သိမ်း ပိုက်နိုင်ခပြီးကေ လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိခရေလို့ သိရပါရေ။
သိမ်းပိုက်နိုင်ခရေ တပ်စခန်းစွာ ဗန်းမော်-ရွှေကူ ကားလမ်း၊ ငါးဘတ်ကြီးကျေးရွာဟိ ခမရ(၆၀၂)နန့် ခလရ(၅၆) ရို့ ပူးပေါင်းနီရာယူထားရေ ဆက်သွယ်ရီးတပ်စခန်းလို့ KIA သတင်းရင်းမြစ်တိက ပြောပါရေ။
ဒေဂုဖြစ်စွာက ရွှေကူမြို့အနားမာဟိရေ စစ်ကောင်စီဆက်သွယ်ရီးစခန်းကို တိုက်ခိုက်စွာပါ၊ ကချင်ပြည်ဟိစခန်းတိကို ဆက်သွယ်ရေ အင်တာနက်ဖိုက်ဘာကြိုးတိအပါအဝင် ဆက်သွယ်ရီးစခန်း(၄)ကို သိမ်းတာ အောင်မြင်ခပါရေ လို့ ဆိုပါရေ။
PDF က ထုတ်ပြန်ထားရေ ဗီဒီယိုမှတ်တမ်းအရ လက်နက်ခဲယမ်းတိ ထည့်ထားရေ ခြင်းတောင်းအများအပြားကို သိမ်းဆည်းရမိခပြီးကေ ယင်းအထဲမာ သီနတ်၊လက်ပစ်ဗုံးနန့် ရာနန့်ချီရေ ကျည်တောင့်တိကို တွိရပါရေ။
အဆိုပါ တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်က အသီအပျောက်များနိုင်ပြီးကေ ပူးပေါင်းတပ်ဖွဲ့ဖက်က တပ်ဖွဲ့ဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရဟိခရေလို့ သိဟိရပါရေ။
Photo CJ



