
APM ၊ အောက်တိုဘာ ၁၉ /၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်တေဆိုပနာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရရေ မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာက သာလီစွဆီဆိုင်ပိုင်သျှင် ဦးကျော်သိန်းလှိုင်အမှုကို ဒေနိ (အောက်တိုဘာ ၁၉ ရက်နိ) စစ်ကောင်စီ၏ မြောက်ဦးမြို့နယ်တရားရုံးမာ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဒေါ်လှဝင်းအိမ်က တခုလည်း မပြောခပဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရပါရေ။
ဦးကျော်သိန်းလှိုင်အမူကို ဒေနိ နိခင်းက ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီးဒေါ်လှဝင်းအိမ်က အကြောင်းပြချက်မည်မည်ရရမဟိဘဲ လာဖို့ အောက်တိုဘာ ၂၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်တေလို့ မိသားစုဝင်တိက ပြောပါရေ။
ဦးကျော်သိန်းလှိုင်(၄၆ နှစ်)ရေ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မာ နီထိုင်လူဖြစ်ပြီးကေ ကုန်ခရေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နိ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တိက ထမ္မရာဇ်ရပ်ကွက်ဟိ နီအိမ်ထဲသို့ ဝင်ဖမ်းလားခစွာပါ။
ယင်းနောက် ဦးကျော်သိန်းလှိုင်ကို စရဖတပ်ဖွဲ့က ဗိုလ်ကြီး ကျော်ကျော်ထွန်းဆိုသူ တရားလိုလုပ်လို့ စစ်ကောင်စီ၏မြောက်ဦးမြို့နယ်တရားရုံးမာ ပုဒ်မ ၁၇(၁)နန့် အမှုဖွင့်တရားစွဲပနာ ရုံးထုတ်စစ်ဆီးနီစွာဖြစ်ပြီးကေ လိုပြသက်သီတိ အားလုံးစစ်ဆီးပြီးလို့ အပြီးသတ်အမိန့်ချဖို့ရာ ကျန်နီရေလို့ဆိုပါရေ။
လက်ဟိမာ ဦးကျော်သိန်းလှိုင်ကို မြောက်ဦးမြို့မရဲစခန်းမာ ချုပ်နှောင်ထားပြီး အကြောင်းအမျိုးမျိုးပြ ရုံးချိန်းအရွှိခံနီရလို့ အမှုကြန့်ကြာနီရပြီးကေ စွပ်စွဲခံရသူနန့်မိသားစုဝင်တိမာ ရုံးချိန်းလားလာရရေ စရိတ်စခအပါအဝင် အဖက်ဖက်က နစ်နာနီကတ်ရရေလို့ သိရပါရေ။
