
APM ၊ ဂျန်နဝါရီ ၁၉/၂၀၂၅
အာရက္ခဒေသ တိုက်ပွဲတိအတွင်း လက်ရဖမ်းဆီးထားရေ စစ်သုံ့ပန်းတိနန့် စစ်သုံ့ပန်းမိသားစုဝင်တိထဲက မကြာခင် ပြန်လွှတ်ပီးဖို့စီစဉ်ထားရေလူတိ ယာယီထိန်းသိမ်းထားရေနီရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနန့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခလို့ အချေနန့်အမျိုးသမီးစုစုပေါင်း ၂၈ ယောက် သီဆုံးလားပြီးကေ ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရလားရေလို့ အာရက္ခတပ်တော် AAက ဒေနိ(ဂျန်နဝါရီ ၁၉ ရက်နိ)မာ သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း” ၂၀၂၅ခုနှစ်၊ဂျန်နဝါရီလ(၁၈)ရက်နိတွင် မြောက်ဦးမြို့နယ်၊ရမ်းချောင်းအနီးတဝိုက်ဟိ ရန်သူ့စစ်သုံ့ပန်းမိသားစုဝင်များထားဟိသည့်နီရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာနန့် ညဇာ (၄) နာရီ (၄၅)မိနစ်တွင် တကြိမ်၊ (၄) နာရီ (၄၆) မိနစ်တွင် တကြိမ်နန့် (၄) နာရီ (၄၇) မိနစ်တွင် တကြိမ်(၃)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အချေနန့်အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သီဆုံးခပြီး (၂၅) ယောက်ဒဏ်ရာ ရဟိလားခသည်” လို့ ဖော်ပြထားပါရေ။
ဒဏ်ရာရဟိလားရေလူတိက တချို့စွာ အရေးပေါ်ဆီးကုသမှုခံယူနီရပြီးကေ၊ ယင်းအထဲက ဒဏ်ရာပြင်းထန်သူတချို့မာလည်း နောက်ထပ်သီဆုံးလူတိစာရင်းထဲမာ ဟိလာနိုင်ရေလို့ ဆိုပါရေ။
အဂုပိုင် ဗုံးကြဲခံရလို့ သီဆုံး/ဒဏ်ရာရဟိလားရေ စစ်သုံ့ပန်းမိသားစုဝင်တိစွာ အာရက္ခဒေသ စစ်ပွဲအတွင်း ဖမ်းဆီးရမိထားရေ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်မိသားစုဝင်တိဖြစ်ပြီး၊ မကြာခင် အချိန်ကာလတခုမာ ၎င်းရို့ကို အာရက္ခတပ်တော်က ပြန်လွှတ်ပီးဖို့ စီစဉ်ထားပနာ၊ ယင်းနီရာမာ ယာယီထိန်းသိမ်းထားစွာလို့ သိရပါရေ။
နိုင်ဝန်းတဝန်း စစ်ယှုံးနီရေ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီစွာ စာသင်ကျောင်းတိ၊ ဘာသာရီး အဆောက်အအုံတိ၊ လမ်းတန်းထားတိ၊စစ်ဖီးယှောင်စခန်းတိနန့် လူနီထူထပ်တေ နီရာတိစရေ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တေလုပ်ရပ်တိကို တရားလက်လွတ် ပြုလုပ်နီပြီးကေ စစ်ရာဇဝတ်မှုတိကို နိစဉ်နန့်အမျှ ကျူးလွန်လို့ ဟိနီရေလို့ လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
၂၀၂၅ခုနှစ်၊ အစောပိုင်းကာလကစလို့ ယင်းသို့အကြမ်းဖက်တိုက်ခိုက်မှုတိကို ဖက်ဆစ် စစ်ကောင်စီက ခပ်စိပ်စိပ် ပိုလို့ ပြုလုပ်လာရေအတွက် လီကြောင်းရန်နန့် လီကြောင်းအန္တရာယ်ကို အယင်ကထက် ပိုလို့ သတိထားကတ်ဖို့၊ အိန်တာနက်၊ ဖုန်းသုံးစွဲမှုတိကို သတိထားသုံးစွဲကတ်ဖို့ကိုလည်း အာရက္ခတပ်တော်၏ ဒေနိ ထုတ်ပြန်ချက်မာ သတိပီးတိုက်တွန်းထားပါရေ။
Photo – AA Info Desk



