
APM ၊ ဂျန်နဝါရီ ၁၉ / ၂၀၂၃
စင်္ကာပူအနီနန့် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ပံ့ပိုးလွှဲပြောင်းခြင်းမဟိကြောင်း စင်္ကာပူ နိုင်ငံခြားရီး ဝန်ကြီးဌာနမှ ဂျန်နဝါရီ ၁၈ ရက်နိတွင် ကြေညာချက်ထုတ်၍ ငြင်းဆိုလိုက်သည်။
မြန်မာပြည်ဆိုင်ရာ အထူးအကြံပီးကောင်စီ (SAC-M) မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် စစ်ကောင်စီအား စစ်လက် နက်ပံ့ပိုးပီးနီသည့်နိုင်ငံများထဲတွင် စင်ကာပူလေ့ပါဝင်ကြောင်း ဖော်ပြထားသည်ကို စင်္ကာပူ နိုင်ငံခြားရီးဝန်ကြီး ဌာနက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
ဂျန်နဝါရီ ၁၆ ရက်နိက ထုတ်ပြန်သည့် SAC-M ၏ အစီရင်ခံစာတွင် စင်ကာပူ၊ သြစတေးလျ၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမဏီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုသျှ၊ တောင်ကိုရီးယားနန့် အမေရိကန်ရို့သည် စစ်ကောင် စီကို စစ်လက်နက်ပံ့ပိုးပီးနီကြောင်း ဖော်ပြထားသည်။
Source – Singapore doesn’t authorise transfer of arms to Myanmar: Foreign Ministry
Photo – CNA
