APM ၊ ဂျန်နဝါရီ ၁၉ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က မတရားဖမ်းဆီး၍ မတရားအသင်း ဆက်သွယ် မှု ပုဒ်မ ၁၇(၁) နန့်တရားစွဲဆိုထားသည့် ဘူးသီးတောင်မြို့နယ်၊တပ်မင်းချောင်းအုပ်ချုပ်ရီးမှူး၏ အမှုကို ဒေနိ (ဂျန်နဝါရီ ၁၉ ရက် နိ)တွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ (၇) ကြိမ်မြောက် ရုံးထုတ်ခသည်ဟု သိရသည်။
ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူးမှာ ဦးဦးကျော်လှ ဖြစ်သည်။အုပ်ချုပ်ရီးမှူး၏အမှုကို ဒေနိ မှာ ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်၍ လိုပြသက်သီ၂ ယောက်ကိုစတင်စစ်ဆီးကာ လာမည့် ဂျန်နဝါ ရီ ၂၆ ရက်နိသို့ ရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူသီးတောင် မြို့နယ်မှ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက် ယင်းအထဲက တပ်မင်းချောင်းရွာ အုပ်ချုပ် ရီးမှူး ဦးဦးကျော်လှနန့်မီးကျောင်းဈီး(မူဆလင်)ရွာအုပ်ချုပ်ရီးမှူး ဦးဟာမိတ်တူဆောင်းရိုနှစ်ယောက်ကို ပြန်မ လွှတ်ဘဲ ဖမ်းထားခသည်။
ယင်းနောက် သူရို့နှစ်ယောက်စလုံးကို ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုထားကာ၊ ဦးဦးကျော်လှကို ဒေနိမှာ (၇)ကြိမ်မြောက်ရုံးထုတ်ခပြီး ဦးဟာမတ်တူဆောင်းကိုတော့ နက်ဖြန်(ဂျန်နဝါရီ ၂၀ ရက်နိ) တွင် ရုံးထုတ်မည်ဟု သိရသည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင် အကျဉ်းထောင်၏ ထောင်ချုပ်၌ ထိန်းသိမ်း ချုပ်နှောင်ထားကြောင်း သိဟိရသည်။