APM ၊ ဂျန်နဝါရီ ၁၉ / ၂၀၂၃
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နန့် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat ရို့သည် ဂျန်နဝါရီ ၁၉ ရက်နိမှာ ရက္ခိုင်ပြည် ငပလီမြို့၌ တွိဆုံနီကြောင်း ထိုင်းဖက်က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ နန့် ထိုင်းစစ်ဦးစီးချုပ် ရို့သည် ဂျန်နဝါရီ ၁၉ ရက်နိမှ ၂၁ နိအထိ ၃ ရက်ကြာ ကျင်းပမည့် (၈)ကြိမ်မြောက် ထိုင်းမြန်မာ နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ အဆင့်မြင့်အရာဟိကြီးများကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် ငပလီမြို့သို့ ရောက်ဟိနီခြင်းဖြစ်သည်။
အစည်းအဝေး၌ နှစ်နိုင်ငံစစ်တပ်များအကြား စစ်ဖက်ဆိုင်ရာ ဆက်ဆံရီး၊ နယ်စပ်ဒေသလုံခြုံရီးနန့် ငြိမ်းချမ်း ရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးမည်ဟု ဆိုသည်။
(၉)ကြိမ်မြောက်ထိုင်းမြန်မာနှစ်နိုင်ငံစစ်ဖက်ဆိုင်ရာအဆင့်မြင့်အရာဟိကြီးများကော်မတီအစည်းအဝေးကိုတော့ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဟု သိရသည်။