APM ၊ ဂျန်နဝါရီ ၁၉ / ၂၀၂၃
ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်၏ တရွန်အိုင် ရီကြောင်းစစ်ဆီးရီးဂိတ်က ကုလားတန်မြစ်ကြောင်းတလျှောက် လားလာနီကတ်သည့် ခရီးသည်တင်ဘုတ်များနန့် ကုန်တင်ဘုတ်များထံမှ ငွေကြေးအဓမ္မကောက်ခံနီ ကြောင်း သိရသည်။
ပလက်ဝတရွန်အိုင်ရီကြောင်းစစ်ဆီးရီးစခန်း၌ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ဟိပြီး၊ တရက်လျှင် တပ်ဖွဲ့ဝင် ၆ ယောက်ကျ မြစ်ကြောင်းတလျှောက် လာလားနီကတ်သည့် ဘုတ်များထံမှ ငွေကြေးအပြင် တခြား ကုန်ပစ္စည်းများကို အနိုင်ကျင့်ကောက်ခံလျက်ဟိကြောင်း သိဟိရပါသည်။
တရွန်အိုင် စစ်ဆီးရီးဂိတ်မှ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ဘုတ်များထံမှ တခေါက်လျှင် ငွေ ၁၀ သိန်းကျပ်စီ ကောက်ခံနီသည်ဟု ဘုတ်သမားများ နန့် ခရီးသည် များက ပြောသည်။
မြန်မာစစ်တပ်သည် ကုန်ခသည့်ရက်ပိုင်းမှစကာ တရွန်အိုင်ရွာနားဟိ တောင်ထက်၌ ကတုတ်ကျင်း၊ ဘန်ကာများ နန့် အဆောင်များကို အခိုင်အမာ တည်ဆောက်လျက် ရီကြောင်းစစ်ဆီးရီးဂိတ်ဖွင့်ထားခြင်းဖြစ်သည်။
တရွန်အိုင်စစ်စခန်းတည်ဆောက်ရာတွင် အသုံးပြုရန်ဟုဆိုကာ ဒေသခံပြည် သူများထံမှ ဘိလပ်မြီ၊ သဲ၊ကျောက်နန့် သစ်များကို အတင်းအဓမ္မ ကောက်ခံလျှက်ဟိရာ ဘိလပ်မြီဆိုလျှင် ဆယ်အိတ်ကို တအိတ်နှုန်းကျ ပီးနီကတ်ရ သည်ဟု သိရသည်။
Photo – RFA