APM ၊ ဂျန်နဝါရီ ၁၉ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်က တက္ကသိုလ်ကျောင်းသားတယောက်နန့် ဆိုင်ကယ်ကယ်ရီသမားတယောက်အမှုကို ဒေနိ (ဂျန်နဝါရီ ၁၉ ရက် နိ)ရုံးချိန်း၌လေ့ တရားလိုမရောက်ဟုဆိုကာ လာမည့် ဂျန်နဝါရီ ၂၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိ လိုက်ကြောင်း သိရသည်။
ယင်း၁၇(၁)နန့်တရားစွဲခံထားရသူနှစ်ယောက်မှာ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ကျောင်း သား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရို့ဖြစ်ကတ် သည်။
အမှုကို ဒေနိ မောင်တောမြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟု အကြောင်းပြကာ အမှုမစစ် ဘဲ လာမည့် ဂျန်နဝါရီ ၂၆ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
ကိုမောင်ဆန်းဌေးနန့် ကိုခင်ဇော်ရို့သည် အမှုဖွင့်ခံထားရချိန်မှစ၍ (၈) ကြိမ်တိုင်တိုင် ရုံးထုတ်ခကေလေ့ (၈) ကြိမ် စလုံး စစ်ဆီးခြင်းမဟိဘဲ ရုံးချိန်းကြိမ်ကြိမ် ရွှိဆိုင်းခံနီရကြောင်း မိသားစုဝင်များက ပြောသည်။
ကိုမောင်ဆန်းဌေးမှာ အဝီးသင်တက္ကသိုလ်(သမိုင်းမေဂျာ) ဒုတိယနှစ်ကျောင်းသားတယောက်ဖြစ်ပြီး၊ စစ်တွေအဝီး သင်တက္ကသိုလ်စာမိန်းပွဲဖြေဆိုပြီး၍ ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၁ ရက်နိက အဖော်ဖြစ်သူ ကိုခင်ဇော် နန့်အတူ ဆိုင်ကယ်တစီးဖြင့် ရွာသို့ ပြန်လာစဉ် မြန်မာစစ်တပ်၏ အမှတ် (၁) နယ်ခြားစောင့်တပ်ဖွဲ့၊ ကျီးကန်းပြင် ဌာနချုပ်၊ စစ်ဆီးရီးဂိတ်၌ အဖမ်းခံခရသည်။
ယင်းနောက် တလကျော်ကြာ မိသားစုဝင်များနန့် အဆက်အသွယ်မရဘဲ ထိန်းသိမ်းခံခရပြီးနောက် မြန်မာစစ်တပ် က တရားလိုလုပ်ကာ ပုဒ်မ ၁၇(၁)နန့်တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင်သူရို့နှစ်ယောက်ကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ထိန်းသိမ်းထားကြောင်း သိဟိရပါ သည်။