
APM၊ နိုဗမ်ဘာ ၁၈/၂၀၂၂
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်း အထန်ရဟိခသည့် မောင်တောမြို့ နယ်၊ လောင်းဒုံအုပ်စု၊ ဂြစ်ချောင်း(မြို)ရွာမှ နောက်ထပ်လူငယ်တဦး ဒေနိ(နိုဗမ်ဘာ ၁၈ ရက်နိ) မိုးထ ၁ နာရီခွဲအချိန်ခန့်တွင် စစ်တွေဆီးရုံ၌ သီဆုံးလားပြီး၊ လက်ဟိတွင် စုစုပေါင်းသီဆုံးသူ ၁၂ ဦးအထိ ဟိလာကြောင်း သိရသည်။
ဒေနိသီဆုံးလားသူမှာ အဖဦးမဲအောင် ၏သားဖြစ်သူ မောင်ငွေပိုင်(၁၆နှစ်)ဖြစ်သည်။
ပြီးခသည့် နိုဗမ်ဘာ(၁၆)ရက်နိတွင် စစ်ကောင်စီ၏ ကြိမ်ချောင်းအခြီစိုက်၊ နခခ(၇)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဂြစ်ချောင်းရွာအတွင်း ကျရောက်ပေါက်ကွဲခပြီး လူ ၁၁ ယောက်သီဆုံးကာ ၂၇ ယောက်ထက်မနည်း ဒဏ်ရာရဟိခသည်။
ဒဏ်ရာရလားသူများကို ကြိမ်းချောင်းတိုက်နယ်ဆီးရုံမှတဆင့် မောင်တောဆီးရုံသို့ ပို့ဆောင်ခရပြီး ယင်းအထဲမှ အသက်အန္တရာယ်စိုးရိမ်ရသည့် လူငယ် ၂ ယောက်ကိုနိုဗမ်ဘာ၁၇ ရက်နိတွင် စစ်တွေဆီးရုံသို့ ပို့ဆောင်ခရသည်။
ယင်းသို့ပို့ဆောင်ရာ၌လမ်းခရီးကြန့် ကြာမှုများကြောင့် ဦးဂေါင်းနန့် ခန္ဓာအနှံ့၌ လက်နက်ကြီးကျည်စထိမှန်ထားသည့် မောင်ငွေပိုင်မှာ အချိန်မီမကုသနိုင်ခဘဲ အသက်ဆုံးယှုံးရခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်နီသူများက ပြောသည်။
လက်ဟိတွင် မောင်ငွေပိုင်၏ ရုပ်အလောင်းကို စစ်တွေဆီးရုံ၊ ရင်ခွဲရုံ၌ ထားဟိပြီး နောက်ထပ်မောင်အီးယောင် ဆိုသည့် လူငယ်ကိုတော့ စစ်တွေဆီးရုံတွင် ကုသလျက်ဟိကာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု သိရသည်။
ကျန်လူနာ၂၅ ဦးမှာ မောင်တောဆီးရုံ၌ ကုသမှုခံယူလျက်ဟိကာ ယင်းမောင်တောဆီးရုံတွင်လေ့ နောက် ထပ်စိုးရိမ်ရလူနာ ၂ ဦးဟိနီသိမ့်ကြောင်း ဆိုသည်။
ဂြစ်ချောင်းရွာသည် မောင်တောမြောက်ပိုင်း၊ ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်း၌ တည်ဟိပြီး အိမ်ခြီ ၆၄ အိမ်နန့် လူဦးရေ(၄၇၀) ကျော်ဟိကာ မြိုလူမျိုးစုများနီထိုင်သည်။
ဂြစ်ချောင်းရွာဖြစ်စဥ်နန့်ပတ်သက် ၍ စစ်ကောင်စီတပ်သည် အမှန်တရားကို ဖုံးကွယ်ရန်ကြိုးစားနီပြီး၊ ၎င်းရို့၏ လက်နက်ကြီးကြောင့် သီဆုံး၊ ဒဏ်ရာရလားသူများအတွက် ဖေသာ(၅)သိန်း၊ ဆန်များပီးကာ ရက္ခိုင့်တပ်တော်က ပစ်ခတ်သည်ဟု လိမ်လည်ပြောဆိုရန် ဖိအားပီးပြော ဆိုခကြောင်းလေ့ ဒေသခံများက ဆိုသည်။
သို့သော် ဒေသခံများကတော့ ဂြစ်ချောင်း(မြို)ရွာအား လူမဆန်စွာ ရက်ရက်စက်စက်လက်နက်ကြီးဖြင့် ပစ်ခတ်သည်မှာ စစ်ကောင်စီတပ်ရာ ဖြစ်ကြောင်း တညီတညွတ်တည်း အခိုင်အမာ ပြောဆိုနီကတ်သည်။
