APM ၊ အောက်တိုဘာ ၁၈/၂၀၂၂
ပေါက်တောမြို့နယ် သဲခုံကျွန်းအနား၌ ရပ်တန့်ထားသည့် စစ်ကောင်စီ၏ ဇက်ရီယာဉ်(ဗျ)မှ တပ်ဖွဲ့ဝင်များသည် အဂုရက်ပိုင်း အတွင်း လိုင်းဘုတ်များနန့်စက်လှီများထံမှ ငွေကြေးများအဆမတန် အဓမ္မတောင်းခံနီကြောင်း သိရသည်။
ပေါက်တောဒေသခံဘုတ်သမားတယောက်က “အဂုက ဘုတ်ထဲမှာပါရေ ပစ္စည်းအရွယ်အစား အပေါ်မူတည်လို့ ပစ္စည်းတခု ချင်းစီအတွက် ဖေသာမပီးလို့မရ အဓမ္မတောင်းနီစွာပါ။ ဆီ ၁၅ ဂါလံ တဗူးကို ငါးထောင်၊ နှမ်းဆီအဝါ တဗူးကို ငါးရာ၊ ဆန်တအိတ် ကို တထောင်၊ ဆန် ၁၀အိတ်ထက် ပိုမတင်ရ။ အဂုပိုင်ရာ ဓါးမြတိုက်ပိုင် တောင်းနီ ဖို့ဆိုကေတော့ တခုလေ့ လုပ်စားလို့ မရဗျာယ်” ဟု ပြောသည်။
အလားတူ ပေါက်တောမြို့မှ ကုန်စုံဆိုင်ပိုင်သျှင်တယောက်ကလေ့ “လက်ဟိကာလ၌ ပစ္စည်းရောင်းချနီရသည်မှာ အမြတ်အစွန်း ရဖို့ထက် မယှုံးရအောင် မနည်းရုန်းကန်နီရကြောင်း၊ အဂုပိုင်ပစ္စည်းတခုချင်းစီအတွက်ရာ ငွေကြေးတိအဆမတန် ပီးနီရမည် ဆိုပါက မကြာခင်မှာ ဆိုင်ပိတ်ရဖွယ်ဟိနီကြောင်း” ပြောဆိုသည်။
ယင်း ပေါက်တောမြို့နယ်သဲခုံကျွန်းအနား၌ ရပ်တန့်ထားသည့် စစ်ကောင်စီ၏ ဇက်ရီယာဉ်(ဗျ)မှ တပ်ဖွဲ့ဝင်များသည် ဒေဂု အောက်တိုဘာလအတွင်း ပေါက်တောဖက်သို့လာသည့် ကုန်တင်ဘုတ် ၃ စီးထက်မနည်းကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းလေ့ ဒေသခံများက ပြောဆိုကတ်သည်။