
APM၊ အောက်တိုဘာ ၁၈/၂၀၂၂
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ် ခတ်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခသည့် ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်း ပြားအုပ်စု၊ ဒိုင်းနက်ပြင်ရွာမှ အသက် (၄၅)နှစ်အရွယ် မူဆလင်လူမျိုး ဦးအီနုစ်သည် ဒေနိ(အောက်တိုဘာ ၁၈ ရက်နိ) မွန်းလွဲ ၂ နာရီခွဲခန့်တွင် သီဆုံးလားခ၍ ညဇာ ၇ နာရီခန့်၌ သင်္ဂြိုလ်ပြီးစီးကြောင်း သိရသည်။
ဦးအီနုစ်သည် ဒေနိမိုးထ ၁၁နာရီခန့်က ၎င်း၏ ကွမ်း ခင်းသို့ ရောက်ဟိနီစဥ် တိုက်ပွဲဖြစ်ပွားခြင်း(လုံးဝ)မဟိပါဘဲ စစ်ကောင်စီ၏ခမရ(၂၁၀)တပ်ရင်းမှ လက် နက်ကြီးဖြင့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခခြင်းဖြစ် သည်။
ယင်းလက်နက်ကြီးကျည်ထိမှန်ခြင်းကြောင့် ဦးအီနုစ် ၏ ညာလက်၊ ဝမ်းနန့်ခါးရို့တွင် ဆိုးဝါးစွာ ဒဏ်ရာ ရဟိလားခသဖြင့် ရွာသူရွာသားများက၎င်းအား ဘူး သီးတောင်ဆီးရုံသို့ယူဆောင်လာစဉ် စိမ်းညှင်းပြားရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ခန့်က ဦးအီနုစ်အား မလားရအောင် ကြားဖြတ် ယူဆောင်လားခသည်။
ယင်းနောက် နာရီဝက်ခန့်အကြာတွင် အခြေအနေမကောင်း၍ ဘူးသီးတောင်ဆီးရုံသို့ အရေးပေါ်ပို့ ဆောင်စဥ် လမ်းခုလပ်၌ ဦးအီနုစ် သီဆုံးလားခပြီး သူ၏ရုပ်အလောင်းအား ဒိုင်းနက်ပြင်သို့ ပြန်ယူလာကာ သင်္ဂြိုလ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခမရ (၂၁၀) တပ်ရင်းသည် ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်အုပ်စု၊သရက်တောင်ရွာဟိ စေတီ ကုန်း၌အထိုင်ချကာ အပါးဝန်းကျင်သို့ လက်နက် ကြီးများဖြင့် နိစဥ်နိတိုင်း ပစ်ခတ်နီခြင်းဖြစ်သည်။
ဒေနိတရက်တည်း၌ပင် တိုက်ပွဲဖြစ်ပွားခြင်း (လုံးဝ) မဟိပါဘဲ အပြစ်မဲ့ပြည်သူများနီထိုင်ရာ ရပ်ရွာများသို့ စစ်ကောင်စီတပ် ခမရ (၂၁၀) တပ်ရင်းမှ လက် နက်ကြီး အလုံးပေါင်း ၂၀ ထက်မနည်း ပစ်ခတ်ထားကြောင်း သိဟိရသည်။
