APM၊ အောက်တိုဘာ ၁၈/၂၀၂၂
တိုက်ပွဲဖြစ်ပွားခြင်း(လုံးဝ)မဟိပါဘဲ ဒေနိ(အောက် တိုဘာ ၁၈ရက်နိ) မိုးထ ၁၁ နာရီခန့်က စစ်ကောင်စီ တပ်၏ လက်နက်ကြီးပစ် ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်ရွာက မူဆလင်တယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရ ဟိလားကာ အသက်အန္တရာယ်ကို စိုးရိမ်ရကြောင်း သိရသည်။
ဒဏ်ရာရလားခသူမှာ ဒိုင်းနက်ပြင်ရွာသားအသက် (၄၅)နှစ်အရွယ်ဦးအီနုစ်ဖြစ်ပြီး၊၎င်း၏ ကွမ်းခင်းသို့ ရောက်ဟိနီစဥ် စစ်ကောင်စီ၏ ခမရ(၂၁၀) တပ်ရင်းမှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်ခခြင်းဖြစ်သည်။
လက်နက်ကြီးထိမှန်ခြင်းကြောင့် ဦးအီနုစ် ၏ ညာလက်၊ ဝမ်းနန့် ခါးရို့တွင် အပြင်းအထန်ဒဏ်ရာရဟိလားခပြီး၊၎င်းအား ရွာသူရွာသားများက ဘူးသီး တောင်ဆီးရုံသို့ယူဆောင်လာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ခန့်က ဦးအီနုစ်အား ကြားဖြတ်ယူဆောင် လားခကြောင်း သိရသည်။
ဒေနိတရက်တည်း၌ ဒေဂုသတင်းတင်ပြချိန်အထိ တိုက်ပွဲဖြစ်ပွားခြင်း (လုံးဝ) မဟိ ပါဘဲ စစ်ကောင်စီတပ် ခမရ (၂၁၀) တပ်ရင်း မှ အပြစ်မဲ့ပြည်သူများနီထိုင်ရာ ရပ်ရွာများသို့ လက်နက်ကြီး (၁၀) လုံး ထက်မနည်း ပစ်ခတ်ထားပြီး ဖြစ်သည်။