(စပ်တမ်ဘာ ၁၁ ရက်နိမှ ၁၇ ရက်နိအထိ)
၁။ ၁၁-၉-၂၀၂၃ (တလင်းလာ)
မြန်မာစစ်တပ် ဖမ်းယူလားပြီးကေ မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က) နန့် စစ်တွေမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နီရရေ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာက ဦးဘသိန်း(၅၇နှစ်) နန့် သက္ကယ်ပြင်ရွာက ဦးဆော်လိမ် (ခ) မောင်မောင်ခင်(၅၀နှစ်) ရို့ကို စစ်တွမြို့နယ်တရားသူကြီး ဦးဝင်းနိုင်က စပ်တမ်ဘာ ၁၁ ရက်နိမာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပါရေ။
၂။ ၁၄-၉-၂၀၂၃ (ကြာသပတီး)
ရက္ခိုင်ပြည် တကျော့ပြန်တိုက်ပွဲကာလက မြန်မာစစ်တပ် ဖမ်းယူလားခရေ အမ်းမြို့နယ်၊ လုံးကောက်အုပ်စု၊ ညောင်ချောင်းရွာက ဦးအောင်တင်မြင့်ကို စပ်တမ်ဘာ ၁၃ ရက်နိမာ အမ်းမြို့နယ်တရားရုံးက မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ၁၇(၁) နန့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါရေ။
၃။ ၁၅-၉-၂၀၂၃ (သောကြာ)
(၁) ကုန်ခရေ စပ်တမ်ဘာ ၁၅ ရက်နိက ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ကျေးရွာက ရဟန်းစာဆို ရိုးနွယ်(ကျောက်ဖြူ)စွာ သီတင်းသုံးနီ ထိုင်ရာ ကျောက်ဖြူမြို့၊ ကုလဘာတောင်ရပ်ကွက်၊ သိမ်တောင်ကျောင်းမာ အသည်းကင်ဆာရောဂါနန့် ပျံလွန်တော်မူလားပါရေ။
(၂) စပ်တမ်ဘာ ၁၅ ရက်နိ နိခင်းက စစ်တွေမြို့ထဲမာ ဒေါ်စောမြရာဇာလင်းဦးဆောင်ရေ ခွဲထွက် ALP အဖွဲ့က အဖွဲ့ဝင် ခိုင်ဆိုးမိုက် ပစ်သတ်ခံရလို့ သီဆုံးလားပါရေ။
(၃) မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရရေ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာက ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာက ကိုဇော်မိုးထက်ရို့ကို စပ်တမ်ဘာ ၁၅ ရက်နိ ကျောက်တော်မြို့နယ်တရားရုံးမာ ရုံးထုတ်ခပြီးကေ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချမှတ်လိုက်ပါရေ။
၄။ ၁၆-၉-၂၀၂၃ (စနီ)
စပ်တမ်ဘာ ၁၆ ရက်နိ ရသေ့တောင်မြို့နယ်၊ ပန်းဖော်ပြင်အလယ်တန်းကျောင်းမာ တာဝန်ကျနီရေ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ ကျွန်းပေါ် ပေါက်တောရွာက အသက် ၃၅ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်စွာ စာပြလားချိန်မာ အဓမ္မပြုကျင့်ခံရပနာ လိုင်လှီး သတ်ဖြတ်ခံရပါရေ။