APM၊ စပ်တမ်ဘာ ၁၈ / ၂၀၂၃
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်းလိမ်လည်မှုလုပ်နီရေ တရုတ်နိုင်ငံသား ၁၀၉ ယောက်ကို ဝပြည်သွီးစည်းညီညွတ်ရီးတပ်မတော်(UWSA) က ထပ်ဖမ်းပနာ တရုတ်ဖက်သို့ လွှဲပြောင်းပီးခကြောင်း တရုတ်ပြည်သူ့လုံခြုံရီးဝန်ကြီးဌာန က စပ်တမ်ဘာ ၁၇ ရက်နိက ထုတ်ပြန်ပါရေ။
အဆိုပါ အွန်လိုင်းလိမ်လည်မှုနန့် ဆက်စပ်နီလူ ၁၀၉ ယောက်မာ တရားခံဗြီး ၁၁ယောက်လေ့ ပါဝင်ပြီးကေ တခြားဆက်စပ်ပစ္စည်းတိပါ သိမ်းဆည်းရမိခရေလို့ ဆိုပါရေ။
ကုန်ခရေ စပ်တမ်ဘာ ၆ ရက်နန့် ၇ ရက်နိကလေ့ UWSA က အွန်လိုင်းလိမ်လည်မှုလုပ်နီရေ တရုတ်နိုင်ငံသား ၁၂၀၇ ယောက်ကို ဖမ်းဆီးပနာ တရုတ်အာဏာပိုင်တိဘားကို လွှဲပြောင်းပီးခပါရေ။
ဝဒေသအပြင် သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းလားအထူးဒေသမာလည်း ကုန်ခရေ စပ်တမ်ဘာ ၃ ရက်နိက အွန်လိုင်းလိမ်လည်မှုလုပ် ငန်း ၁၁ ခုနန့် တရုတ်နိုင်ငံသား ၂၆၉ ယောက်ကို ဒေသခံအဖွဲ့အစည်းတိနန့် ပူးပေါင်းပနာ စီးနင်းဖမ်းဆီးနိုင်ခကြောင်း တရုတ် အစိုးရက သတင်းထုတ်ပြန်ခပါသိမ့်ရေ။
Source – 109 suspected telecom scammers handed over to China from northern Myanmar
Photo- China daily