APM ၊ စပ်တမ်ဘာ ၁၈ /၂၀၂၃
စပ်တမ်ဘာ ၁၆ ရက်နိနန့် ၁၇ ရက်နိ ၂ ရက်အတွင်း ရက္ခိုင်မာ အချေနှစ်ယောက်အပါအဝင် လူ ၄ ယောက် ရီမြုပ်သီဆုံးလားရေလို့ သိရပါရေ။
ရီမြုပ်သီဆုံးလားလူတိမာ ဘူးသီးတောင်မြို့နယ်က တယောက်၊ ပုဏ္ဏားကျွန်းမြို့နယ်က တယောက်နန့် မြောက်ဦးမြို့နယ်က အချေ နှစ်ယောက်ဖြစ်ပါရေ။
ဘူးသီးတောင်မြို့နယ်ကတယောက်မာ ဒိုးဝေကျေးရွာက အသက် ၅၀အရွယ် ဒေါ်အေးစိန်ဖြူ ဖြစ်ပြီးကေ သူစွာ စပ်တမ်ဘာ ၁၇ ရက်နိက ချောင်းတဖက်ကမ်းသို့ ဟင်းခူးဖို့လားရာမာ ရီမြုပ်သီဆုံးလားပါရေ။
ပုဏ္ဏားကျွန်းမြို့နယ်က တယောက်ကတော့ နာမည်မသိမ့်ရသိမ့်ဘဲ အသက် ၃ဝ အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီးကေ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ရွာနား ကုလားတန်မြစ်ထဲမာ ရုပ်အလောင်း မျောပါလာစွာကို စပ်တမ်ဘာ ၁၇ ရက်နိ နိခင်းက တွိခရစွာဖြစ်ပါရေ။
စပ်တမ်ဘာ ၁၆ ရက်နိကလည်း မြောက်ဦးမြို့၊မြို့သစ်ရပ်ကွက်က အသက် ၅ နှစ်အရွယ် မနီဝင်းစိုး ရီမြုပ်သီဆုံးလားခရပါရေ။
ယင်းစပ်တမ်ဘာ ၁၆ ရက်နိတရက်တည်းမာပင် မြောက်ဦးမြို့နယ်၊ ခွီးဒေါက်ရွာက အသက် ၆ နှစ်အရွယ် မောင်ခိုင်မင်းဟိန်း ဆိုရေ အချေတယောက်လည်း ရီမြုပ်သီဆုံးခရပါသိမ့်ရေ။
မောင်ခိုင်မင်းဟိန်းစွာ စပ်တမ်ဘာ ၁၆ ရက်နိ၊ ညဇာ ၄ နာရီလောက်က ချောင်းမာရီဆင်းချိုးနီစွာကနီ ရီမြုပ်ပျောက်ဆုံးလား စွာဖြစ်ပြီးကေ၊ ရုပ်အလောင်းကိုတော့ စပ်တမ်ဘာ ၁၇ ရက်နိ ညဇာ ၅ နာရီလောက်က ရွာနား ချောင်းကမ်းစပ်မာ တွိခရေလို့ သိရပါရေ။
APM က ကောက်ယူထားချက်အရ ရက္ခိုင်မာ ဒေလအတွင်း ရက္ခိုင်မာ အကြောင်းအမျိုးမျိုးကြောင့် ရီမြုပ်သီဆုံးလားလူ စုစုပေါင်း ၁၂ ယောက်အထိ ဟိလာပြီးကေ ယင်းအထဲ အချေ ၅ ယောက်ပါဝင်ပါရေ။