
APM၊ စပ်တမ်ဘာ ၁၈/ ၂၀၂၃
မူဆယ်နန့် မိုးကုတ်မြို့နယ်ရို့မာ စပ်တမ်ဘာ ၁၇ ရက်နိ တရက်တည်းအတွင်း မြန်မာစစ်တပ်နန့် တိုက်ပွဲ ၃နီရာဖြစ်ခရေလို့ တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (TNLA) က ထုတ်ပြန်ပါရေ။
မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာက နမ့်ကတ်သို့ စစ်အင်အားဖြည့်နီရေ မြန်မာစစ်တပ်နန့်စပ်တမ်ဘာ ၁၇ ရက်နိမိုးထ ၇ နာရီ ၄၀ မိနစ်မာ ပထမအကြိမ်စလို့ တိုက်ပဲဖြစ်ခရေလို့ TNLA ကဆိုပါရေ။
ယင်းတိုက်ပွဲပြီးနောက် မြန်မာစစ်တပ်က လက်နက်ကြီးနန့် လွယ်ကျယ်ကနီ ဟိုပေါ်သို့ (၁၁)ကြိမ်၊ နမ့်ကတ်နားသို့ (၁)ကြိမ်၊ ၁၀၅ မိုင်တပ်စခန်းက လွယ်ပက်သို့ (၅)ကြိမ်၊ သိန္နီတပ်စခန်းက မန်မိုင်သို့ (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခပါရေ။
အလားတူ ကုန်းစံက TNLA ဟိရာနီရာသို့ ထိုးစစ်ဆင်လာရေ မြန်မာစစ်တပ်နန့် TNLA အကြား မိုးထ ၈ နာရီ ၅၀ မိနစ်က ၁၀ နာရီ အထိ ကုန်းစံရွာနားမာ တိုက်ပွဲဖြစ်ခပြီး ညဇာ ၅နာရီလောက်မာ TNLA က တန် ပြန်ထိုးစစ်ဆင်ခစွာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်ခရေလို့ ဆိုပါရေ။
ယင်းအပြင် မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာနားမာ မြန်မာစစ်တပ်နန့် TNLA ရို့ နိခင်း ၁၁ နာရီလောက်မာ တိုက်ပွဲ ဖြစ်ခပါရေ။
တိုက်ပွဲဖြစ်ခရေ ကုန်းစံနန့် အထက်ညောင်ကုန်းရွာနားသို့ မြန်မာစစ်တပ်က ဂျက်ဖိုက်တာနန့် (၂)ကြိမ် လာပစ်ခပြီးကေ ကုန်းစံနားသို့ လက်နက်ကြီးနန့် (၁၁)ကြိမ် ပစ်ခတ်ခရေလို့ ဖော်ပြထားပါရေ။
တိုက်ပွဲတိအတွင်း မြန်မာစစ်တပ်ဖက်က ထိခိုက်သီဆုံးမှုတချို့ဟိခပြီးကေ လက်နက်ခဲယဉ်းတိလည်း သိမ်းဆည်းရမိခရေလို့ သိဟိပါရေ။
Photo TNLA/ PSLF
