![](https://arakanprincess.media/wp-content/uploads/2023/09/photo_2023-09-18_20-43-27.jpg)
APM၊ စပ်တမ်ဘာ ၁၈ / ၂၀၂၃
ထိုင်းနိုင်ငံအတွင်း လီထုအရည်အသွီး ပြန်လို့ကောင်းလာစီဖို့အတွက် လယ်သမားတိအသုံးများရေ သီးနှံမီးတိုက်စွာကို ရပ်တန့်ပီးဖို့ ထိုင်းစိုက်ပျိုးရီးအဖွဲ့အစည်း (TFMA) ဥက္ကဋ္ဌ Pornsil Patcharintanakul က စပ်တမ်ဘာ ၁၈ ရက်နိမှာ တိုက်တွန်းပါရေ။
နိုင်ငံ၏လီထုအရည်အသွီးစွာ ၂၀၂၃ ခုနှစ်အစပိုင်းမှာ ဆိုးဆိုးဝါးဝါး ကြုံတွိခရပြီးကေ ဘန်ကောက်နန့် ချင်းမိုင်ရို့စွာ ဧပြီလအတွင်း ကမ္ဘာမာ လီထုအညစ်ညမ်းဆုံးမြို့တိအဖြစ် သတ်မှတ်ခံခရပါရေ။
လီထုထဲမှာ အန္တရာယ်အဟိဆုံး PM2.5 အမှုန်အမွှားတိပါဝင်ရေအတွက် ပြည်သူတိကို အိမ်တွင်းမာရာ နီဖို့နန့် အလုပ်လုပ်ဖို့ အာဏာပိုင်တိကတိုက်တွန်းခရပါရေ။
အမှုန်တိ၏အဓိကအရင်းအမြစ်တိထဲကတခုစွာ လယ်သမားတိလာဖို့သီးနှံအတွက် မြီယာပြင်ဆင်စွာမာ မီးတိုက်ခြင်း ဖြစ်ပြီးကေ ဒီဇမ်ဘာလကနီ ဧပြီလအတွင်း မီးတိုက်မှု အများဆုံးလို့ သိရပါရေ။
လီထုညစ်ညမ်းမှုနန့် ဆက်နွယ်ရေပြဿနာတိကြောင့် ဒေနှစ်အတွင်း ထိုင်းနိုင်ငံဟိ လူပေါင်းနှစ်သန်းကျော် ဆီးကုသမှုခံယူခရကြောင်း သိဟိရပါရေ။
Source : Thailand urged to halt crop burning after air pollution spike
Photo : AFP
![](https://arakanprincess.media/wp-content/uploads/2023/09/photo_2023-09-18_20-43-27.jpg)