APM၊ စပ်တမ်ဘာ ၁၈/၂၀၂၂
စပ်တမ်ဘာ ၁၇ ရက်နိညည့်မှစ၍ တောင်ကုတ်မြို့တွင် နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားများကို လိုက်ဖမ်း လျက်ဟိရာ အရပ်သား ၅ ယောက်ထက်မနည်း ဖမ်းထားပြီးဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စပ်တမ်ဘာ ၁၇ ရက်နိညည့်ပိုင်း၌ တောင်ကုတ်မြို့ဝက်ကျိတ်အုပ်စု၊ မှော်ဟင်းတော ရပ်ကွက်မှ ဦးကျော်သောင်း၊ ကိုင်းရှည်ရပ်ကွက်မှ ဦးအောင်မင်းနိုင် (ရသေ့တောင်မြိုနယ်၊ ဒုံးပိုက်ရွာမှ တောင်ကုတ်သို့ အလည် ရောက်နီသူ) ရို့ကို ဖမ်းဆီးခပြီး၊ စပ်တမ်ဘာ ၁၈ ရက်နိမိုးထတွင်လေ့ တောင်ကုတ်မြို့ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ်၊ ဂူတာရပ်ကွက်မှ ကိုဦး နန့် ကိုစိုးဝင်းချေရို့ကို ဖမ်းဆီး ခေါ်ဆောင်လားခသည်။
မည်သည့်အကြောင်းကြောင့် အရပ်သားများကို ဖမ်းသည်ဟု အတိအကျ မသိရသိမ့်ကေလေ့ အဖမ်းခံရသူများကို တောင်ကုတ် အခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၄၄)နန့် ခမရ(၃၄၆) ရို့မှာ ထိန်းသိမ်းစစ်ဆီးနီကြောင်း သတင်းရဟိသည်။
(Zawgyi)
တောင်ကုတ်မှာ အရပ်သား ၅ ယောက်ကို စစ်ကောင်စီ ဖမ်း
APM၊ စပ်တမ်ဘာ ၁၈/၂၀၂၂
