APM ၊ စပ်တမ်ဘာ ၁၈/၂၀၂၂
လက်ဟိပလက်ဝမြို့နယ်၌ ရက္ခိုင့်တပ်တော်နန့်စစ်ကောင်စီတပ်အကြား ဖြစ်ပွားလျက်ဟိသော တိုက်ပွဲများနန့်ပတ်သက်၍ ဒေနိ စပ်တမ်ဘာ ၁၈ ရက်နိတွင် ရက္ခိုင့်တပ်တော်မှ သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန်လိုက်သည်။ ရက္ခိုင့်တပ်တော်၏ တိုက်ပွဲ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို “မူရင်းအတိုင်း” မြန်မာဘာသာဖြင့် ဖော်ပြပီးလိုက်ပါသည်။
“တိုက်ပွဲသတင်းထုတ်ပြန်ချက်”
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်
ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက် နှင့် သူဌေးကုန်းရွာ အနောက် မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင်မြေပြင်၊ဝေဟင် ပူးပေါင်း ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရက္ခိုင့်တပ်တော်သည် ရက္ခိုင်၊ ပလက်ဝ ဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့ နှင့်၎င်းတို့၏ လှုပ်ရှား စစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် မြန်မာစစ်တပ်အနေဖြင့်၎င်းတို့၏အထိုင်ချတပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများ၏ ရိက္ခာ၊ ထောက်ပို့၊ ဒဏ် ရာရလူနာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ပိတ်ဆို့ထားသော မိမိတို့၏ စစ်ကြောင်းများကို လေကြောင်း၊ လက်နက် ကြီးပစ်ကူများဖြင့် နေ့တိုင်းနီးပါး မရ ရ အောင် အသည်းအသန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်ကြားမှ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ ဝင်များသည် ရန်သူအား ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။
ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ရန်သူ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စခန်းအား တစ်လနီးပါးကြာ ဖြတ်တောက် ပိတ်ဆို့လျက် ၂၀၂၂ ခုနှစ်၊ သြဂုတ် (၃၁) ရက်နေ့၌ ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထပ် မံသိမ်းပိုက်နိုင်ခဲ့သည်။ထို့အပြင်ရန်သူ၏ သံတောင် ဗျူဟာ စခန်းကုန်းကိုလည်း (၃) လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ၊ ၎င်းသံတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်မှ ယခုအချိန်တွင် သိမ်းပိုက်ထား နိုင်ခဲ့ပြီး ဖြစ်သည်။ ရန်သူသည် ၎င်းတို့၏ နယ် စပ်ရှိစခန်းမြောက်မြားစွာကို စွန့်လွှတ်ထားရပြီးဖြစ်သည်။
မိမိတို့သည် ရန်သူ၏ နောက်ထပ် စခန်းအချို့ကိုလည်း ယခုနည်းတူဖြတ်တောက်ပိတ်ဆိုထားဆဲဖြစ်သည်။ ထိုအထဲတွင် “အိန္ဒိယ-ဘင်္ဂလာ-မြန်မာ” သုံးနိုင်ငံနယ်စပ်အနီးရှိ”မြိတ်ဝစခန်း”လည်းပါဝင်သည်။
တစ်ပြိုင်နက်တည်းတွင် ပလက်ဝမြို့နယ်၊ နှမဒါရွာ ၏ တောင်ဖက် (၂) ကီလိုမီတာခန့်အကွာရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ မြန်မာစစ်တပ်သည် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်မှာ ယခုဆိုလျှင် တစ်လနီးပါးခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲများမှာ ၎င်းပတ် ဝန်းကျင်၌ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေခဲ့သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၊ နေ့လယ် (၁)နာရီ (၄၈) မိနစ်မှစ၍ နှမဒါရွာ၏တောင်ဖက် (၂) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ရန်သူသည် ဂျက်တိုက်လေယာဉ် (၃) စီး၊ စစ်ရဟတ်ယာဉ် (၂) ဖြင့် ညနေ (၃) နာရီခန့်အထိ တစ်လှည့်စီ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ယနေ့ ရန်သူ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ် (၃)စီးမှ ဗုံး၊ရော့ကတ်(၁၁)ကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး တစ်ပြိုင်နက်တည်း တောက်လျှောက်မရပ်မနားဘဲ မိနစ်(၃၀)ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ခြင်း လည်း ဖြစ်သည်။ ထိုနောက် စစ်ရဟတ်ယာဉ် (၂) စီးဖြင့် နာရီဝက်ကျော်ခန့် တစ်လှည့်စီ လာရောက်ပစ် ခတ် တိုက်ခိုက် ခဲ့သည်။ ရန်သူ၏ မီးဝဗျူဟာနှင့် မြေ ပြင်မှ လက်နက်ကြီးပစ်ကူများမှာလည်း အဆိုပါ နေရာသို့ တောက်လျှောက် ပစ်ခတ် တိုက်ခိုက် နေခဲ့သည်။ ထိုကြောင့် မိမိတို့ဖက်မှ မီးဝဗျူဟာအားလက်နက်ကြီးများဖြင့် ပြန် လည် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရန်သူသည်အဆိုပါနေရာအားယနေ့ကဲ့သို့သောလက် နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများနှင့်အတူမြေ ပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၇) ကြိမ် တိုင်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များသည် ပြောင်မြောက်သော သတ္တိ၊ ကြံ့ခိုင်သော တိုက်ပွဲစိတ်ဓာတ်၊ အမိန့်နာခံမှု၊ အတက်အဆုတ် ကောင်း ကောင်းဖြင့် ရန်သူ့ထိုးစစ်ကို ဆက်လက်ကြံ့ ကြံ့ခံ တိုက်ပွဲဝင်လျက်ရှိသည်။
အမိန့်နာခံမှုကောင်းကောင်းဖြင့် သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နေကြသော အာရက္ခစစ်သည်တော်များ အားလေးနက်စွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
(Zawgyi)
ပလက္ဝေဒသ တိုက္ပြဲမ်ားနန႔္ ပတ္သက္၍ ရကၡိဳင့္တပ္ေတာ္ သတင္းထုတ္ျပန္
APM ၊ စပ္တမ္ဘာ ၁၈/၂၀၂၂
လက္ဟိပလက္ဝၿမိဳ႕နယ္၌ ရကၡိဳင့္တပ္ေတာ္နန႔္စစ္ေကာင္စီတပ္အၾကား ျဖစ္ပြားလ်က္ဟိေသာ တိုက္ပြဲမ်ားနန႔္ပတ္သက္၍ ေဒနိ စပ္တမ္ဘာ ၁၈ ရက္နိတြင္ ရကၡိဳင့္တပ္ေတာ္မွ သတင္းထုတ္ျပန္ခ်က္တရပ္ ထုတ္ျပန္လိုက္သည္။ ရကၡိဳင့္တပ္ေတာ္၏ တိုက္ပြဲ သတင္းထုတ္ျပန္ခ်က္ အျပည့္အစုံကို “မူရင္းအတိုင္း” ျမန္မာဘာသာျဖင့္ ေဖာ္ျပပီးလိုက္ပါသည္။
“တိုက္ပြဲသတင္းထုတ္ျပန္ခ်က္”
၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလ (၁၈) ရက္
ပလက္ဝၿမိဳ႕နယ္၊ ႏွမဒါ႐ြာ၏ ေတာင္ဘက္၊ အေရွ႕ ေျမာက္ဘက္ ႏွင့္ သူေဌးကုန္း႐ြာ အေနာက္ ေျမာက္ဘက္ စသည့္ေနရာ (၃) ေနရာတို႔တြင္ ျမန္မာစစ္တပ္သည္ ရကၡိဳင့္တပ္ေတာ္အား ေလေၾကာင္း၊ လက္နက္ ႀကီးပစ္ကူမ်ားအပါအဝင္ေျမျပင္၊ေဝဟင္ ပူးေပါင္း ၍ ထိုးစစ္ဆင္တိုက္ခိုက္ေနခဲ့သည္မွာ တစ္လနီးပါး ၾကာျမင့္ခဲ့ၿပီ ျဖစ္သည္။
ရကၡိဳင့္တပ္ေတာ္သည္ ရကၡိဳင္၊ ပလက္ဝ ေဒသအတြင္းရွိ ျမန္မာစစ္တပ္၏ အထိုင္ခ်တပ္စခန္းအခ်ိဳ႕ ႏွင့္၎တို႔၏ လႈပ္ရွား စစ္ေၾကာင္းအခ်ိဳ႕အား ျဖတ္ေတာက္ပိတ္ဆို႔ ဝိုင္းထားေသာေၾကာင့္ ျမန္မာစစ္တပ္အေနျဖင့္၎တို႔၏အထိုင္ခ်တပ္စခန္းမ်ား၊ လႈပ္ရွားစစ္ေၾကာင္းမ်ား၏ ရိကၡာ၊ ေထာက္ပို႔၊ ဒဏ္ ရာရလူနာ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းမ်ား ပြင့္ႏိုင္ေရးအတြက္ အထူး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည္။ ထို႔ေၾကာင့္ ၎တို႔ကို ပိတ္ဆို႔ထားေသာ မိမိတို႔၏ စစ္ေၾကာင္းမ်ားကို ေလေၾကာင္း၊ လက္နက္ ႀကီးပစ္ကူမ်ားျဖင့္ ေန႔တိုင္းနီးပါး မရ ရ ေအာင္ အသည္းအသန္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည့္ၾကားမွ ရကၡိဳင့္တပ္ေတာ္ တပ္ဖြဲ႕ ဝင္မ်ားသည္ ရန္သူအား ဆက္လက္ပိတ္ဆို႔ထားဆဲျဖစ္သည္။
ရကၡိဳင္-ဘဂၤလားနယ္စပ္ရွိ ရန္သူ၏ မိုင္တိုင္အမွတ္ (၄၀) အနီးရွိ စခန္းအား တစ္လနီးပါးၾကာ ျဖတ္ေတာက္ ပိတ္ဆို႔လ်က္ ၂၀၂၂ ခုႏွစ္၊ ၾသဂုတ္ (၃၁) ရက္ေန႔၌ ရကၡိဳင့္တပ္ေတာ္မွ အၿပီးသတ္သိမ္းပိုက္ႏိုင္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလ (၁၀) ရက္ေန႔တြင္ ခမရ(၃၅၂) တပ္ရင္း စခန္းကုန္းတစ္ခုကို ထပ္ မံသိမ္းပိုက္ႏိုင္ခဲ့သည္။ထို႔အျပင္ရန္သူ၏ သံေတာင္ ဗ်ဴဟာ စခန္းကုန္းကိုလည္း (၃) လေက်ာ္ၾကာ ျဖတ္ေတာက္ထားႏိုင္ခဲ့ကာ၊ ၎သံေတာင္ဗ်ဴဟာစခန္းကို ရကၡိဳင့္တပ္ေတာ္မွ ယခုအခ်ိန္တြင္ သိမ္းပိုက္ထား ႏိုင္ခဲ့ၿပီး ျဖစ္သည္။ ရန္သူသည္ ၎တို႔၏ နယ္ စပ္ရွိစခန္းေျမာက္ျမားစြာကို စြန႔္လႊတ္ထားရၿပီးျဖစ္သည္။
မိမိတို႔သည္ ရန္သူ၏ ေနာက္ထပ္ စခန္းအခ်ိဳ႕ကိုလည္း ယခုနည္းတူျဖတ္ေတာက္ပိတ္ဆိုထားဆဲျဖစ္သည္။ ထိုအထဲတြင္ “အိႏၵိယ-ဘဂၤလာ-ျမန္မာ” သုံးႏိုင္ငံနယ္စပ္အနီးရွိ”ၿမိတ္ဝစခန္း”လည္းပါဝင္သည္။
တစ္ၿပိဳင္နက္တည္းတြင္ ပလက္ဝၿမိဳ႕နယ္၊ ႏွမဒါ႐ြာ ၏ ေတာင္ဖက္ (၂) ကီလိုမီတာခန႔္အကြာရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာသို႔ ျမန္မာစစ္တပ္သည္ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိသည္မွာ ယခုဆိုလွ်င္ တစ္လနီးပါးခန႔္ၾကာျမင့္ခဲ့ၿပီး တိုက္ပြဲမ်ားမွာ ၎ပတ္ ဝန္းက်င္၌ ေန႔စဥ္ရက္ဆက္ ျဖစ္ပြားေနခဲ့သည္။
၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလ (၁၈) ရက္၊ ေန႔လယ္ (၁)နာရီ (၄၈) မိနစ္မွစ၍ ႏွမဒါ႐ြာ၏ေတာင္ဖက္ (၂) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာသို႔ ရန္သူသည္ ဂ်က္တိုက္ေလယာဥ္ (၃) စီး၊ စစ္ရဟတ္ယာဥ္ (၂) ျဖင့္ ညေန (၃) နာရီခန႔္အထိ တစ္လွည့္စီ လာေရာက္ပစ္ခတ္ တိုက္ခိုက္ခဲ့သည္။
ယေန႔ ရန္သူ႔ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ဂ်က္တိုက္ေလယာဥ္ (၃)စီးမွ ဗုံး၊ေရာ့ကတ္(၁၁)ႀကိမ္တိုင္တိုင္ ပစ္ခတ္ တိုက္ခိုက္ ခဲ့ၿပီး တစ္ၿပိဳင္နက္တည္း ေတာက္ေလွ်ာက္မရပ္မနားဘဲ မိနစ္(၃၀)ခန႔္ၾကာ ဆက္တိုက္ အႀကိမ္အမ်ားဆုံး တိုက္ခိုက္ခဲ့ျခင္း လည္း ျဖစ္သည္။ ထိုေနာက္ စစ္ရဟတ္ယာဥ္ (၂) စီးျဖင့္ နာရီဝက္ေက်ာ္ခန႔္ တစ္လွည့္စီ လာေရာက္ပစ္ ခတ္ တိုက္ခိုက္ ခဲ့သည္။ ရန္သူ၏ မီးဝဗ်ဴဟာႏွင့္ ေျမ ျပင္မွ လက္နက္ႀကီးပစ္ကူမ်ားမွာလည္း အဆိုပါ ေနရာသို႔ ေတာက္ေလွ်ာက္ ပစ္ခတ္ တိုက္ခိုက္ ေနခဲ့သည္။ ထိုေၾကာင့္ မိမိတို႔ဖက္မွ မီးဝဗ်ဴဟာအားလက္နက္ႀကီးမ်ားျဖင့္ ျပန္ လည္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။
ရန္သူသည္အဆိုပါေနရာအားယေန႔ကဲ့သို႔ေသာလက္ နက္ႀကီးပစ္ကူ၊ ေလေၾကာင္းပစ္ကူမ်ားႏွင့္အတူေျမ ျပင္မွ ထိုးစစ္ဆင္ တိုက္ခိုက္မႈကို (၇) ႀကိမ္ တိုင္တိုင္ျပဳလုပ္ခဲ့ၿပီးျဖစ္ေသာ္လည္း ရကၡိဳင့္တပ္ေတာ္တပ္ဖြဲ႕ဝင္မ်ားသည္ ေျပာင္ေျမာက္ေသာ သတၱိ၊ ႀကံ့ခိုင္ေသာ တိုက္ပြဲစိတ္ဓာတ္၊ အမိန႔္နာခံမႈ၊ အတက္အဆုတ္ ေကာင္း ေကာင္းျဖင့္ ရန္သူ႔ထိုးစစ္ကို ဆက္လက္ႀကံ့ ႀကံ့ခံ တိုက္ပြဲဝင္လ်က္ရွိသည္။
အမိန႔္နာခံမႈေကာင္းေကာင္းျဖင့္ သတၱိေျပာင္ေျမာက္စြာ တိုက္ပြဲဝင္ေနၾကေသာ အာရကၡစစ္သည္ေတာ္မ်ား အားေလးနက္စြာ ဂုဏ္ျပဳ မွတ္တမ္းတင္အပ္ပါသည္။
သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္