APM၊ ဩဂတ်စ် ၁၈/ ၂၀၂၃
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်နန့် အက်ထရာခန်ပြည်နယ်ရို့တွင် ကုန်ခသည့် ဩဂတ်စ် ၁၃ရက်နိမှ စတင် ဖြစ်ပွားနီသည့် မိုးကြီးမြီပြိုမှုများကြောင့် ဒေနိ ဩဂတ်စ် ၁၈ရက်နိအထိ သီဆုံးလူ ၈၄ ယောက်ဟိလာကြောင်း သိရသည်။
ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်တခုတည်းတွင် မိုးကြီးမြီပြိုမှုကြောင့် သီဆုံးလူ ၇၄ ယောက်အထိဟိလာပြီး ချန်ဘာခရိုင်၊ ချိန်းမလားမြို့တွင် မြီပြိုမှု ၃ ခုကြောင့် လူ ၂၁ ယောက် သီဆုံးခကာ ၈ ယောက်ပျောက်ဆုံးနီသိမ့်ကြောင်း အာဏာပိုင်များက ဆိုသည်။
ယင်းကြောင့် ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်တွင် ကုန်ခသည့် ဂျူလိုင် ၂၄ ရက် မုတ်သုံမိုးပြင်းပြင်း ထန်ထန်ရွာသွန်းချိန်မှစ၍ ဒေဂုအထိ မိုးကြီးမြီပြိုမှုများကြောင့် သီဆုံးလူ ၂၁၇ ယောက်ဟိလာယာဖြစ်သည်။
မိုးကြီးမြီပြိုမှုများကြောင့် ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်တွင် လူပေါင်း ၁,၀၀၀ ကျော်ကို ဖီးလွှတ်ရာသို့ ရွိပြောင်းထားရပြီး တပြည်လုံးဆုံးယှုံးမှုသည် ရူပီးကုဋေ ၁၀,၀၀၀ လောက်ဟိကာ ပျက်စီးလားသည့်အဆောက်အအုံများကို တနှစ်လောက် အချိန် ယူတည်ဆောက်ရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဆုခ်ဘင်ဒါဆင်းဂ်က ပြောကြားသည်။
အလားတူ အိမ်နီးချင်း အက်ထရာခန်ပြည်နယ်တွင်လေ့ မြီပြိုမှုများကြောင့် လူ ၄ ယောက် ထပ်မံသီဆုံးခသည့်အတွက် သီဆုံးလူ ၁၀ ယောက်ဟိလာကြောင်း သိရသည်။
မိုးကြီးမှုသည် အဆိုပါပြည်နယ် ၂ခုအပြင် ပန်ဂျပ်ပြည်နယ်တွင်လေ့ ထပ်မံဖြစ်ပွားနီသည့်အတွက် ကျေးရွာပေါင်း ၂၂ရွာလောက် ရီမြုပ်နီပြီး ဩဂတ်စ် ၁၇ ရက်နိက လူ ၃၀၀ လောက်ကို ဖီးလွှတ်ရာသို့ ရွိပြောင်းခရကြောင်း သိဟိရသည်။
Source Rain costs Himachal Rs 10,000 crore, 74 dead, 1,000 rescued from flood-hit Kangra/ Uttarakhand toll climbes to 10
Photo PTI