
APM ၊ ဩဂတ်စ် ၁၈ / ၂၀၂၃
ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်တွင် ကုန်ခသည့် ဩဂတ်စ် ၁၆ ရက်နိက ခရစ်ယာန်ဘုရားကျောင်းများနန့် နီအိမ်များ အကြမ်းဖက်ဖျက်ဆီးခံခရပြီးနောက် လူ ၁၄၆ ယောက်ကို အာဏာပိုင်များဖမ်းဆီးထားကြောင်းသိရသည်။
အဆိုပါအကြမ်းဖက်များသည် ဂျရန်ဝါလာမြို့တွင် ဖြစ်ပွားခခြင်းဖြစ်ပြီး အကြမ်းဖက်မှု၌ ပါဝင်လူ ၁၄၆ ယောက်ကို တရက် အကြာတွင် ဖမ်းဆီးထိန်းသိမ်းခကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။
အကြမ်းဖက်မှုများသည် ခရစ်ယာန်အမျိုးသားတယောက်က မူဆလင်ဘာသာဝင်များ၏ ကုရ်အာန်ကျမ်းကို ပုတ်ခတ် စော်ကားသည်ဟု စွပ်စွဲမှုနန့် မူဆလင်အုပ်စုများက ခရစ်ယာန်ကျောင်းများနန့် နီအိမ်များကို ဖျက်ဆီးခကတ် ခြင်းဖြစ်သည်ဟု ပါကစ္စတန်လူ့အခွင့်အရေးအမျိုးသားကော်မသျှင် (NCHR) က ဆိုသည်။
အကြမ်းဖက်မှုများအတွင်း ခရစ်ယာန်ဘာသာဝင်များ၏ နီအိမ်များ၊ စီးပွားရီးလုပ်ငန်းများနန့် သင်္ချိုင်းများလေ့ ပစ်မှတ်ထားဖျက်ဆီးခံခရကြောင်း သိရသည်။
လက်ဟိတွင် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားအောင် ရဲတပ်ဖွဲ့နန့် အရံရဲတပ်ဖွဲ့ထောင်ပေါင်းများစွာက လုံခြုံရီးယူထားရပြီး အကြမ်းဖက်မှုတွင်ပါဝင်လူများကို ပြင်းပြင်းထန်ထန်အရေးယူလားမည်ဖြစ်ကြောင်း ပါကစ္စတန်ယာယီဝန်ကြီးချုပ် အန်နဝါ အာဟာ့တ် ကက်ကာက ပြောကြားထားသည်။
Source – Pakistan arrests 146 as it launches probe into church attacks
Photo – AFP

