
APM ၊ဩဂတ်စ် ၁၈/ ၂၀၂၃
ဘီလာရုစ်နိုင်ငံကို ရောက်ဟိနီသည့် တရုတ်ကာကွယ်ရီးဝန်ကြီးသည် ဩဂတ်စ် ၁၇ရက်နိက ဘီလာရုစ်ဂေါင်းဆောင်များနန့် တွိဆုံဆွေးနွေးခကာ စစ်ရီးအရ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် သဘောတူခကတ်ကြောင်း သိရသည်။
တရုတ်ကာကွယ်ရီးဝန်ကြီး လီချန့်ဖူသည် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနန့် တွိဆုံဆွေးနွေးရာတွင် ဘီလာရုစ်သို့ လာရသည့်ခရီးစဉ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်အကြီးအကဲများ အဆင့်အရေးကြီးသည့် သဘောတူညီချက်များကို အထောင်အထည်ဖော်ရန်နန့်နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစီရီးအတွက်ဟု ပြောကြားခသည်။
နှစ်ဖက် ပူးပေါင်းဆောင်ရွက်မည့် စစ်ရီးဆိုင်ရာ အကြောင်းအရာ အသေးစိတ်များကို မသိရသိမ့်ကေလေ့ လာမည့်နှစ်တွင် ပူးတွဲစစ်ရီးလိကျင့်မှုများ ပြုလုပ်ရန် သဘောတူခကတ်ကြောင်း သိရသည်။
ရုသျှ-ယူကရိန်းစစ်ပွဲအတွင်း ဘီလာရုစ်သည် ရုသျှအတွက် အရေးပါသည့်မဟာမိတ်ဖြစ်ပြီး ဘီလာရုစ်နိုင်ငံအတွင်း ရုသျှက ၎င်း၏ တပ်များနန့် လက်နက်များကို ဖြန့်ကျက်ချထားသည်။
ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက တရုတ်၏ စစ်ရီးအကူအညီသည် တတိယနိုင်ငံများသို့ ဦးတည်မည် မဟုတ်ကြောင်း ပြောကြားခပြီး ယူကရိန်းစစ်ပွဲတွင် ဘီလာရုစ်တပ်ဖွဲ့များ ပါဝင်ခြင်းမဟိကြောင်း ပြောကြားခသည်။
လက်ဟိတွင် ဘီလာရုစ်သည် ရုသျှမှပီးပို့ထားသည့် နျူကလီးယားလက်နက်များကို လက်ခံထားပြီး နိုင်ငံ၏နယ်နိမိတ်ကို ကျူးကျော်မှုများဟိလာလျှင် အသုံးပြုလားမည်ဟုဆိုသည်။
တရုတ်သည် ရုသျှ-ယူကရိန်း ပဋိပက္ခတွင် ကြားနီဟု ဆိုကေလေ့ အမေရိကန်နန့် ၎င်း၏ မဟာမိတ်များက တရုတ်သည် ရုသျှနန့် ခိုင်မာသည့် စီးပွားရီး၊ သံတမန်ရီးနန့် ကုန်သွယ်ရီးဆက်ဆံမှုများကို ထိန်းသိမ်းထားသည်ဟု စွပ်စွဲထားသည်။
လေ့လာသူများကတော့ တရုတ်ကာကွယ်ရီးဝန်ကြီး၏ ဒေဂုခရီးစဉ်သည် အမေရိကန်နန့် ၎င်း၏ မဟာမိတ်များ အတွက်ရာမက ယူကရိန်းအတွက်ပါ အရေးကြီးသည့် အချက်ပြမှုတခုဖြစ်ကြောင်း သတ်မှတ်ထားကတ်သည်။
Source – Chinas defense minister promises to boost cooperation with Russian ally Belarus
Photo Belarusian Presidential Press Office
