
APM၊ ဩဂတ်စ် ၁၈/ ၂၀၂၃
မောင်တောမြို့နယ်တွင် ဒေရက်ပိုင်းအတွင်း မြန်မာစစ်တပ်မှ ဒေသခံပြည်သူများအား ခရီးလားခွင့် ကန့်သတ် တားမြစ်မှုများပြုလုပ်လာကြောင်းသိရသည်။
ဒေသခံများအဓိကအသုံးပြုလားလာနီရသည့် အငူမော် – မောင်တောကားလမ်းတွင် မြန်မာစစ်တပ်မှ ဒေဂု ဩဂတ်စ်လ တတိယအပါတ်မှစကာ ညဇာ ၆ နာရီကျော်လျင် ကား နန့် ဆိုင်ကယ်များလားလာဖြတ် သန်းခွင့်တားမြစ်ထားသည်ဟု ဒေသခံများကပြောသည်။
ယင်းအပြင် အဆိုပါလမ်းတလျောက်၌ကျေးရွာတချို့မှ ဒေသခံများအားလေ့ ညဇာဖက် ၆ နာရီဆိုလျင် ရွာထဲက ရွာပြင်ကို မထွက်ကတ်ရန်သတိပီးပြောဆိုထားသည်ဟု ဆိုသည်။
အဆိုပါ အငူမော် – မောင်တောကားလမ်းတလျောက်ကျေးရွာများမှ ဒေသခံအများစုမှာ ၎င်းလမ်းအားမှီခိုကာ တောတောင် ၊မြစ်၊ချောင်းများ၌ ငါးရှာဟင်းရှာစသည့် အလုပ်များဖြင့်အသက်မွီးဝမ်းကျောင်းပြုလုပ်ကိုင်စား သောက်နီကတ်ရသူ များဖြစ်သည်။
လက်ဟိ မြန်မာစစ်တပ်၏ ကန့်သတ်တားမြစ်မှုကြောင့် ၎င်းဒေသခံများမှာ လုပ်ကိုင်စားသောက် ရန်အတွက် အခက်ကြုံနီရသည်ဟုသိရသည်။
မြန်မာစစ်တပ်သည် ဒေရက်ပိုင်းအတွင်း မောင်တောမြို့နယ်၌ခရီးလားလာခွင့်ကန့်သတ်လာသည့်အပြင် ၎င်းရို့၏ စစ်ဆီးရီးအသီးသီးတွင်လေ့ ဒေသခံခရီးလားပြည်သူများအား အယင်ကထက်ပို၍ တင်းတင်းကြပ်ကြပ်စစ်ဆီး မှုများပြုလုပ်လာနီသည်ဟုမြီပြင်သတင်းများအရသိရသည်။
