APM၊ ဩဂတ်စ် ၁၈ / ၂၀၂၃
တရုတ်၊ ရုသျှ၊ အိန္ဒိယ၊ ဘရာဇီးနန့် တောင်အာဖရိကနိုင်ငံရို့ ဖွဲ့စည်းထားသည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နာဘတ်စ်မြို့၍ လာမည့် အပတ်တွင် ကျင်းပလားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်၊ ရုသျှ၊ အိန္ဒိယ၊ဘရာဇီးနန့် တောင်အာဖရိကနိုင်ငံရို့ဖွဲ့စည်းထားသည့် ကမ္ဘာ့ထိပ်တန်း ထွန်းသစ်စ ဈီးကွက် စီးပွားရီး အုပ်စု (BRICS) အစည်းအဝေးကို ဩဂတ်စ် ၂၁ ရက်နိမှ ၂၄ရက်နိအထိ ကျင်းပလားမည်ဖြစ်သည်။
အစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံ ဂေါင်းဆောင်များသည် ကမ္ဘာ့အရေးတွင် အနောက်အုပ်စု၏ ဩဇာလွမ်းမိုးမှုကို တန်ပြန်မည့် ပထဝီနိုင်ငံရီးအင်အားစုအဖြစ် ပြောင်းလဲရန်ဆွေးနွေးလားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ အနည်းဆုံး နိုင်ငံပေါင်း ၄၀ လောက်မှ ဂေါင်းဆောင်များတက်ရောက်မည်ဖြစ်ပြီး ရုသျှ-ယူကရိန်း အရေးကြောင့် နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခံထားရသည့် ရုသျှသမ္မတ မလာဒီမာ ပူတင်ကိုယ်စား ရုသျှနိုင်ငံခြားရီးဝန်ကြီး ဆာဂေးလပ်ဗ်ရော့ဗ်က တက်ရောက်မည်ဟုဆိုသည်။
အစည်းအဝေးသို့ ရုသျှသမ္မတ မတက်ရန် တောင်အာဖရိကသမ္မတ ဆိုင်ရေးရာမာဖိုဆာ က တိုက်တွန်းတောင်းဆိုခခြင်း ဖြစ်ပြီး တရုတ်သမ္မတ ချီကျင့်ဖျင်၊ ဘရာဇီးသမ္မတ လူလာဒီဆေးလ်ဗား နန့် အိန္ဒိယဝန်ကြီးချုပ်မိုဒီရို့ တက်ရောက်မည်ဟု သိရသည်။
ယင်းအပြင် အစည်းအဝေးသို့ အဖွဲ့ဝင်ရန်လျောက်ထားသည့် အယ်လ်ဂျီးရီးယား၊ ဘာရိန်း၊ အီဂျစ်၊ ကူဝိတ်၊ မော်ရိုကို၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေးဗီးယားနန့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) စသည့် အာရပ် ၈ နိုင်ငံလေ့ တက်ရောက်မည်ဖြစ်ပြီး အစည်း အဝေးတွင် အဖွဲ့ဝင်တိုးချဲ့ရီးကိုပါ ဆွေးနွေးလားမည်ဟု တောင်အာဖရိက သမ္မတ ဆိုင်ရေးရာမာဖိုဆာက ဆိုသည်။
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အဆိုပါအာရပ် ၈နိုင်ငံအပြင် ဘင်္ဂလားဒေ့ချ်၊ အီရန်၊ ကာဇက်စတန်၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ အီသိုယိုးပီးယား၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ အာဂျင်တီးနား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ကျူးဘား၊ ဟွန်ဒူးရပ်စ်၊ အင်ဒိုနီးသျှားနန့် ထိုင်းရို့လေ့ လျှောက် ထားကြောင်း သိဟိရသည်။
Source The BRICS are getting together in South Africa
Photo – EPA-EFE