APM၊ ဩဂတ်စ် ၁၈ / ၂၀၂၃
အာဆင်နယ်ကဇတ်သမားဟောင်းကြီး သီအိုဝဲလ်ကော့တ်သည် ပရော်ဖက်သျှင်နယ် ကဇတ်သမားဘဝက အပြီးအပိုင် အနားယူကြောင်း ဩဂတ်စ် ၁၈ ရက် (ဒေနိ)တွင် တရားဝင်ကြေညာသည်။
အသက် ၃၄ နှစ်အရွယ် ဝဲလ်ကော့တ်သည် ပြီးခသည့် မေလက သူ၏နောက်ဆုံးကလပ် အသင်းဖြစ်သည့် ဆောက်သမ်တန် အသင်းနန့် လက်တွဲဖြုတ်ပြီးနောက် ဘောလုံးဆက်မကစားရန် ဆုံးဖြတ်ကာအနားယူလိုက်ခြင်း ဖြစ်သည်။
ဝဲလ်ကော့တ် က “ကျနော်ကဇတ်သမားဘဝတလျောက်မှာ ကဇတ်သမားတိအများကြီးနန့် မယုံနိုင် လောက်အောင် အတွိအကြုံတိ၊ အမိနိုင်လောက်တေ အမှတ်တရတိအများကြီးဟိခပါရေ။ ကျနော့် ကဇတ် သမားဘဝ ဖြတ်သန်းလာရေ ကာလတလျောက်မှာ ကူညီပံ့ပို့ပီးခရေလူတိနန့် သင်ပြပီးခရေ လူတိအားလုံးကို ကျေးဇူးတင်ပါရေ” ဟု ပြောကြားခသည်။
ဝဲလ်ကော့တ်သည် ၂၀၀၅ ခုနှစ်တွင် ဆောက်သမ်တန်အသင်း၌ သူ၏ကဇတ်သမားဘဝ ကိုစတင်ခပြီး၊ ၂၀၀၆ ခုနှစ်မှာ ဆောက်သမ်တန်အသင်းမှ အာဆင်နယ်အသင်းသို့ ရောက်ဟိလာကာ အသင်း တွင် ၁၂ ရာသီကာလအတွင်း ပွဲပေါင်း ၃၉၇ ပွဲကဇတ်ခရာ ၁၀၈ ဂိုးအထိသွင်းယူပီးခသည်။
Source – Former Arsenal forward Theo Walcott retires at age 34
Photo – ESPN