APM၊ ဩဂတ်စ် ၁၈ / ၂၀၂၃
ဘာစီလိုနာအသင်းမှ ဥရုဂွေးလက်ရွီးစင် နောက်ခံလူ ရော်နယ်အာရာဂျို သည် ကံကောက်ကြောဒဏ်ရာကြောင့် တလ လောက်အနားယူရမည်ဟု ကလပ်အသင်းဖက်မှ ဩဂတ်စ် ၁၇ ရက်နိတွင် တရားဝင်ကြေညာသည်။
အသက် ၂၂ နှစ်အရွယ် နောက်ခံလူ အာရာဂျိုသည် တော့တင်ဟမ်ဟော့စပါးအသင်းနန့် ကဇတ်ခသည့် ရာသီ ကြိုခြီစမ်းပွဲ စဉ်တွင် ကန်ကောက်ကြောဒဏ်ရာရဟိခခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် မိနစ် ၃၀ ခန့်သာပါဝင်ကဇတ် နိုင်ခသည်။
“အာရာဂျိုက ဘယ်ခြီထောက် ကန်ကောက်ကြောဒဏ်ရာရခစွာပါ။ ယင်းဒဏ်ရာ မသက်သာမချင်း ပွဲကဇတ် ခွင့်ရဖို့ မဟုတ်တေအတွက်နန့် အချိန်တလလောက် အနားယူပနာကုသဖို့လိုအပ်ပါရေ” ဟု ကလပ်အသင်း ဖက်က ပြောကြားခသည်။
ယင်းဒဏ်ရာပြဿနာကြောင့် အာရာဂျိုသည် ဩဂတ်စ် ၂၀ ရက်နိ ကာဒီဇ် အသင်းနန့် ရင်ဆိုင်ရမည့်ပွဲအပြင် ဘီလာရီးရဲ၊ အိုဆာဆူနာ အသင်းရို့နန့် ကဇတ်ရမည့် အဝီးကွင်းပွဲစဉ်များကိုပါ လွဲချော်မည်ဖြစ်သည်။
Source – Hamstring injury to sideline Barcelona defender Araujo
Photo – Sports Brief