
APM ၊ ဂျူလိုင် ၁၈/ ၂၀၂၃
အီဂျစ်နိုင်ငံ၊ကိုင်ရိုမြို့တွင် ဂျူလိုင် ၁၇ ရက်နိက ၅ ထပ် အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၁၂ယောက် ထက်မနည်း သီဆုံးကာ ၂ယောက်ပျောက်ဆုံးနီကြောင်း သိရသည်။
ကိုင်ရိုမြို့ဟိ Hadaeq el-Qubbah ရပ်ကွက်တွင် အဆောက်အအုံပြိုကျခခြင်းဖြစ်ပြီး ကယ်ဆယ်ရီးအဖွဲ့ဝင်များသည် အပျက်အစီးများကြားက အသက်ရှင်ကျန်ခသူ ၄ ယောက်ကို ဆီးရုံသို့ပို့ဆောင်ခကြောင်း အစိုးရပိုင် MENA သတင်းဌာနက ဖော်ပြသည်။
အဆောက်အအုံပြိုကျမှုအတွင်း လူ ၁၂ယောက်သီဆုံးခပြီး ပျောက်ဆုံးနီသူ ၂ယောက်ကို ရှာဖွီနီကြောင်း ကိုင်ရိုမြို့ လက်ထောက်အုပ်ချုပ်ရီးမှူး ဟော်ဆန်ဖော်ဇီက ပြောကြားသည်။
အီဂျစ်အစိုးရက သီဆုံးသူများ၏ မိသားစုများကို အီဂျစ် ပေါင် ၆၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၉၄၀ ) ပီးအပ်မည်ဖြစ်ပြီး ဒဏ်ရာရသူများကိုလေ့ လိုအပ်သည့် အကူအညီများပီးလားမည်ဟု ပြောဆိုထားသည်။
ကနဦး စုံစမ်းစစ်ဆီးမှုရ အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းမှာ မြီညီထပ်တွင် နီထိုင်သူတယောက်က အဆောက်အအုံကို ပြုပျင်ရာတွင် အ ထိန်းနံရံများကို ဖယ်ယှားခခြင်းကြောင့်ဟုသိရပြီး ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို ဖမ်းဆီးစစ်ဆီးလျက်ဟိကြောင်း သိရသည်။
အီဂျစ်နိုင်ငံတွင် အရည်အသွီးနိမ့်ဆောက်လုပ်ရီးပစ္စည်းများနန့် ပြုပျင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ဆင်းရဲသည့် မြို့ပြရပ်ကွက်များနန့် ကျေးလက်ဒေသများ၌ အဆောက်အအုံပြိုကျ၍ လူသီဆုံးမှုများ ရက်ပြတ် ဖြစ်ပွားနီကြောင်း သိရသည်။
Source – A 5-story apartment building collapses in Cairo and kills at least 12 people, with two missing/ AP
Photo – AP
