APM၊ ဂျူလိုင် ၁၈ / ၂၀၂၃
ရက္ခိုင်ဟိ စီးပွားရီးငန်းသျှင်များ၊ ဆောက်လုပ်ရီးလုပ်ငန်းသုံးပစ္စည်းများ၊ ကုန်စည်ကူးသန်း ရောင်းဝယ်ဖောက်ကား ကတ် သော သူများအနီဖြင့် အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အစဟိသောအခြီခံစားသုံးကုန်ပစ္စည်း၊ ဆီးဝါးများကို ဈီးနှုန်းအဆမတန်မြှင့်ကာ ရောင်းချခြင်းများကို မပြုလုပ်ကတ်ပါရန်နန့် သင့်တင့်သောဈီးနှုန်းများဖြင့် ရောင်းချကတ်ပါရန် Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာချထားရီးကော်မတီ Cyclone Mocha ERRCA က တိုက်တွန်းထားသည်။
ဂျူလိုင် ၁၄ ရက်နိကထုတ်ပြန်သည့် Mocha ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခသော နှစ်လပြည့်နိ ထုတ်ပြန်ချက်၌ ယင်းသို့ဖော်ပြတိုက်တွန်းထားခြင်းဖြစ်သည်။
စီးပွားရီးလုပ်ငန်းသျှင်များ၊ ဆောက်လုပ်ရီးလုပ်ငန်းသုံးပစ္စည်းများ၊ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားကတ်သော သူများအနီဖြင့် အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အစဟိသောအခြီခံစားသုံးကုန်ပစ္စည်း၊ ဆီးဝါးများကို ဈီးနှုန်း အဆမ တန်မြှင့်ကာ ရောင်းချခြင်းများကို မပြုလုပ်ကတ်ပါရန်နန့် သင့်တင့်သောဈီးနှုန်းများဖြင့် ရောင်းချကတ်ပါရန်ကိုလေ့ ကော်မတီမှ အထူးတိုက်တွန်းအပ်သည် ဟုဆိုသည်။
ယင်းအပြင် Mocha ဆိုင်ကလုန်းမုန်တိုင်းနောက်ဆက်တွဲများနန့် အရေးပေါ်ကူညီကယ်ဆယ်ရီး၊ အရေးပေါ် ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကိုဆောင်ရွက်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ အရေးပေါ်ဖွဲ့စည်းလိုက်သည့် Cyclone Mocha ERRCA ကော်မတီအနီနန့်ပြည်တွင်း၊ ပြည်ပမှ ထည့်ဝင်လှူဒါန်းကတ်သော အလှူငွေကြေးများနန့် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်နိုင်ခ၍ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး နှစ်လတာကာလအတွင်း အမိုးအကာအောက်သို့ ရောက်ဟိလားသည့် ပမာဏမှာပျက်စီးဆုံးယှုံးမှုအားလုံး၏ (၇၅) ရာခိုင်နှုန်း အထက်အထိဟိခပြီးဖြစ်ကြောင်းနန့် အမိုးအကာအောက်သို့ မရောက်သိမ့်သောသူများအားလုံး အယင်ဆုံးရောက် ဟိနိုင်ရန်အတွက်ကိုလေ့ မရပ်မနား ဆက်လက် ကြိုးစားဆောင်ရွက်လျက်ဟိကြောင်းလေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကူညီကယ်ဆယ်ရီးနန့် ပြန်လည်ထူထောင်ရီးလုပ်ငန်းများကို လုပ်ဆောင်ရာတွင်အထောက်အကူပြုစီရန်အတွက် ဆိုင်ကလုန်း Mocha နန့်ပတ်သက်သော ပျက်စီးဆုံးယှုံးမှုပမာဏ အချက်အလက်မှန်များအယင်ဆုံးရဟိအောင် ကောက်ခံခြင်း၊ အရေးပေါ်လိုအပ်လျက်ဟိသော မုန်တိုင်းဒဏ်သင့် ပြည်သူများ၏စားဝတ်နီရီးများကို ချက်ချင်း ဆောင်ရွက်ခြင်း၊ ကျန်းမာရီးစောင့်ယှောက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း၊ မိုးစပါး၊ သီးနှံများ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရီး၊လမ်းပန်းဆက်သွယ်ရီး အဆင်ပြချောမွိစီရီးလုပ်ငန်းများကို ဆောင်ရွက်ခြင်းအပါအဝင် ကော်မတီမှ လုပ်ဆောင်၍ ရသည့်အရာများကို အကောင်းဆုံးဆောင်ရွက်လျက်ဟိကြောင်းလေ့ ထုတ်ပြန်ချက်အရ သိရသည်။
တပြိုင်နက်တည်းတွင် အရေးပေါ်လိုအပ်လျက်ဟိသော အကူအညီများနန့် အတူပြန်လည်ထူထောင်ရီးလုပ်ငန်းများမှာ များစွာဆက်လက်ဟိနီသိမ့်၍ မိဘပြည်သူများမှ လူသားချင်းစာနာထောက်ထားသော အကူအညီများကို တတ်နိုင်သည့်ဖက်မှ ကူညီပီးကတ်ပါရန်ကိုလေ့ Cyclone Mocha ERRCA က ထပ်မံအကူအညီတောင်းခံထားသည်။