
APM၊ ဂျူလိုင် ၁၈ /၂၀၂၃
ဒေနိ(ဂျူလိုင် ၁၈ရက်နိ) နိခင်းပိုင်းက မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးဟိ ဝိုင်းမော်မြို့နယ်၊ ဂျာပူကျေးရွာနားတွင် မြန်မာစစ် တပ်နန့် KIA အကြား တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း သိရသည်။
ဂျာပူကျေးရွာအနားတွင် မြန်မာစစ်တပ်စစ်ကြောင်းတခု လှုပ်ယှားချီတက်လာ၍ နိခင်း ၁၂ နာရီအချိန်လောက်မှစကာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခပြီး ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာတွင် စခန်းချထားသည့် မြန်မာစစ်တပ်က လက်နက် ကြီးနန့် ပစ်ကူပီးနီသည်ဟု ဒေသခံများက ပြောပါသည်။
မြန်မာစစ်တပ်သည် KIA ဌာနချုပ် လိုင်ဇာမြို့ဖက်သို့ ဗန်းမော်ဖက်က စစ်ကြောင်း တကြောင်း၊ မြစ်ကြီးနားဖက်က စစ်ကြောင်း တကြောင်းဖြင့် စစ်ကြောင်းထိုးလျက်ဟိရာ နန်ဆန်ယန်ရွာအနားတွင် မြန်မာစစ်သား ၇၀၀ လောက် ရောက်ဟိနီသည်ဟု KIA ပြန်ကြားရီးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မီဒီယာများသို့ ပြောကြားထားသည်။
လက်ဟိတွင် နှစ်ဖက်စစ်ရီးတင်းမာနီပြီး တိုက်ပွဲများ အချိန်မရွီးပြင်းထန်လာနိုင်ကြောင်း၊ KIA တပ်များအနီနန့်လေ့ အတတ် နိုင်ဆုံး ခုခံကာကွယ်လားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုပါသည်။
မြန်မာစစ်တပ်သည် ဂျူလိုင် ၂ ရက်နိမှစ၍ လိုင်ဇာမြို့အနားဟိ နန်ဆန်ယန်ကျေးရွာဖက်သို့အင်အားအလုံးအရင်းနန့် ထိုးစစ်ဆင်နီပြီး တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခသည်မှာ ၁၇ ရက်ကြာ လာယာဖြစ်သည်။
Photo – Kachinwaves
