
APM ၊ ဂျူလိုင် ၁၈ / ၂၀၂၃
ချင်းပြည်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာကို ဒေနိ(ဂျူလိုင် ၁၈ ရက်နိ) မိုးထ ၁၀ နာရီလောက်က မြန်မာစစ်တပ်မှ လီကြောင်း ဗုံးကြဲတိုက်ခိုက်ရာ ခရစ်ယာန်ဘုရားကျောင်းနန့် လူနီအိမ် ၂၀ လောက် ပျက်စီးလားကြောင်း သိရသည်။
မြန်မာစစ်တပ်က မဆာတွီရွာအနားသို့ လီယာဉ် ၅ စီးနန့် လာရောက်၍ ဗုံး ၁၀ လုံးကြဲချရာ ယင်းအနက်မှ ရွာထဲသို့ ဗုံး ၆ လုံး ကျရောက်ပေါက်ကွဲခသည့်အတွက် ဘုရားကျောင်းနန့် နီအိမ်များပျက်စီးခခြင်းဟု ဒေသခံများက ဆိုသည်။
ရွာသားများမှာ စစ်ဖီးယှောင်နီကတ်ရ၍ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူသီဆုံးမှုမဟိခကြောင်း သိရသည်။
ပြီးခသည့် ရက်ပိုင်းအတွင်းက ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာလာပို့သည့် မြန်မာစစ်တပ် စစ်ကြောင်းတခုအား CDF ကန်ပက်လက်နန့် PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခသိမ့်သည်။
မြန်မာစစ်တပ်၏ အင်အားရာချီပါသည့် စစ်ကြောင်းသည် ကျင်ဒွေးမြို့ဖက်သို့ တက်လာရာ ဒေသခံကာကွယ်ရီးတပ်ဖွဲ့များ နန့် နိတိုင်းပိုင် တိုက်ပွဲပြင်းထန်နီပြီး မဆာတွီရွာအပြင် အနားဟပ်စပ် ကျေးရွာများမှ ဒေသခံ နှစ်ထောင်လောက် တော တောင်များအတွင်း ထွက်ဗြီးတိမ်းယှောင်နီကတ်ရကြောင်း သိဟိရပါသည်။
Photo – Khonu Battalion


