APM ၊ ဂျူလိုင် ၁၈ /၂၀၂၃
Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယာယီနီအိမ်အများအပြားပျက်စီးခရသည့် ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ မုန်တိုင်းသင့် စစ်ဖီးယှောင်များမှာ လက်ဟိ နှစ်လကျော်ကြာလာသည်အထိ ကူညီကယ်ဆယ်ရီး အထောက်ပံ့ ရဟိ မှုနည်းပါးနီ၍ ပြန်လည် ထူထောင်ရီး အခက်ကြုံနီကတ်ရတုန်းဖြစ်ကြောင်းသိရသည်။
ပြီးခသည့် မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နန့် စစ်တွေမြို့နယ်ရို့တွင် အဆောက်အအုံပေါင်း သိန်းချီပျက်စီးခရသည်။
ယင်းအထဲ စစ်ဖီးယှောင်စခန်းများဟိ ယာယီနီအိမ်များလေ့ပါဝင်ပြီး ယင်းမုန်တိုင်းဒဏ်သင့် စစ်ဖီးယှောင်များမှာ လက်ဟိ ပြည်တွင်း၊ ပြည်ပ လူမှုကယ်ဆယ်ရီးအဖွဲ့အစည်းတချို့က ထောက်ပံ့သည့် အရေးပေါ်အထောက်အပံ့ စကေ ရာ ရသိမ့် ကြောင်း စစ်ဖီးယှောင်များကပြောသည်။
ယင်း အရေးပေါ်အထောက်ပံ့စကေနန့် နီအိမ်များကို ယာယီ အရေးပေါ်ဆောက်လုပ်ကာ ဖြစ်တေပိုင် နီထိုင်နီကတ်ရသည် ဟု ဆိုသည်။
စားသောက်ရီးအတွက်ကတော့ အလုပ်အကိုင်ယှားပါးသည့်ကြားထဲ ကုန်ဈီးနှုန်းမြင့်တက်နီသည့်အပြင် လုံလောက်သည့် ကူညီထောက်ပံ့မှုများလေ့မရ၍ အခက်အခဲဖြစ်နီကတ်ရသိမ့်သည်။
ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင်စခန်းများတွင် လက်ဟိအချိန်ထိ နီရပ်မပြန်နိုင်သိမ့်သော စစ်ဖီးယှောင်ဦးရေ ခုနစ်သောင်းကျော် ဟိနီသိမ့်ကြောင်း သိရသည်။