
APM ၊ ဂျူလိုင် ၁၈ / ၂၀၂၃
မင်းပြားမြို့နယ်တွင် နှစ်ရက်ကြာပျောက်ဆုံးနီသည့် အသက် ၅၂ နှစ်အရွယ် ဒေသခံအမျိုးသားတယောက်ကို ဒေနိ(ဂျူလိုင် ၁၈ ရက်နိ)မိုးထက ရီမြုပ်သီဆုံးလျက် အလောင်းပြန်တွိရကြောင်း သိရသည်။
သီဆုံးလျက် အလောင်းပြန်တွိရသူမှာ မင်းပြားမြို့နယ်၊ ကျားပိုက္ကေရွာမှ ဦးမောင်လှသိန်း(၅၂ နှစ်)ဖြစ်သည်။
ဦးမောင်လှသိန်းသည် စိတ်ဝေဒနာခံစားနီရသူတယောက်ဖြစ်ပြီး ကုန်ခသည့် ဂျူလိုင် ၁၆ ရက်နိ၌ အိမ်က ထွက်လားခပြီး နောက် ပျောက်ဆုံးနီခြင်းဖြစ်သည်။
ယင်းနောက် ရွာသားများက ဝိုင်းဝန်းရှာဖွီကတ်ရာ နှစ်ရက်အကြာ ဒေနိမိုးထ ၁၀ နာရီလောက်က မင်းပြားမြို့နယ်၊ သစ်ပုတ် တောင်ရွာအနား မြစ်ကမ်းစပ်၌ ရီမြုပ်သီဆုံးနီသည့် ဦးမောင်လှသိန်း၏ ရုပ်အလောင်းကို ပြန်တွိခရသည်။
ဦးမောင်လှသိန်း၏ ရုပ်အလောင်းကို ဒေနိညဇာ ၃ နာရီကျော်က ကျားပိုက္ကေရွာသင်္ချိုင်း၌ မြီမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိဟိရသည်။
