APM ၊ ဂျူလိုင် ၁၈ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ကျောက်တော်က ၉ ယောက်အမှုကို ဒေနိ(ဂျူလိုင်၁၈ ရက်နိ)၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး၊ ဒေနိတွင်လေ့ ကျောက်တော် မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမရောက်ဟုအကြောင်းပြကာ မစစ်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသူများမှာ မင်းပြားမြို့နယ်ကအပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့၊ကဝိရတနာ စစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာက ကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံ မြို့နယ်၊အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက်က ကိုကျော်မောင်လင်း ရို့ ဖြစ်ကတ် သည်။
အမှုကို ဒေနိညဇာ ၃နာရီခွဲတွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူ က လိုပြသက်သီမရောက်ဟုအကြောင်းပြကာ မစစ်ခဘဲ လာမည့် ဂျူလိုင် ၃၁ ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်သည်ဟု သိရ သည်။
သူရို့ ၉ ယောက်သည် ပြီးခသည့်ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်းက ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် စစ်ဆီးရီးဂိတ်များ၌ အသီးသီး ဖမ်းဆီးခံခရပြီး ရက္ခိုင့်တပ်တော်(AA)နန့် ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁) ဖြင့် ကျောက်တော်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၉ ယောက်ကို ကျောက်တော် မြို့မရဲစခန်း၌ ထိန်း သိမ်းချုပ်နှောင်ထားပြီး ယင်းသို့ ရုံးချိန်း အကြိမ်ကြိမ် အရွှိခံနီ၍ စွပ်စွဲခံရသူ အမှုသည်များတွင် နစ်နာမှုများစွာဟိနီကြောင်း သိဟိရသည်။