APM ၊ ဂျူလိုင် ၁၈ / ၂၀၂၃
ပြင်သစ်နိုင်ငံတွင် နှစ်စဥ်နှစ်တိုင်း ကျင်းပနီသည့် စက်ဘီးစီးပြိုင်ပွဲ၌ ချီးမြှင့်ပီးနီသည့် တနှစ်တာ အကောင်းဆုံး စွမ်းဆောင် နိုင်သူဆုကို ဒေဂုနှစ်တွင် အဆင့်မြှင့်တင်ထားကြောင်း ပွဲစီစဉ်သည့် Velo မဂ္ဂဇင်းက ဂျူလိုင် ၁၇ ရက်နိတွင် ကြေညာသည်။
အဆိုပါ ဆုပီးပွဲအခမ်းအနားကို ပါရီမြို့တွင် လာမည့် အောက်တိုဘာ ၂၄ ရက်နိ၌ ကျင်းပမည်ဖြစ်ပြီး အကောင်းဆုံး အမျိုးသားနန့် အမျိုးသမီး စက်ဘီးစီးသူဆုကို ဘောလုံးသမားများရဟိသည့် Ballon d’Or ဆုနန့်တန်းတူ Velo d’Or ဆုအဖြစ် ပီးအပ်ချီးမြှင့်လားမည်ဟု ဆိုသည်။
ယင်းအပြင် ဂန္တဝင်ဆန်သော ဆုနှစ်ဆုနန့် ပြင်သစ်စက်ဘီးစီးသူများအတွက် ဆုနှစ်ဆုလေ့ ချီးမြှင့်မည်ဟု သိရသည်။
အဆိုပါဆုကို ပြင်သစ်စက်ဘီးစီးမဂ္ဂဇင်းတခုဖြစ်သည့် Velo မဂ္ဂဇင်းက ၁၉၉၂ ခုနှစ်တွင် စတင်ပီးအပ်ခခြင်းဖြစ်ပြီး အကောင်းဆုံး အမျိုးသမီးဆုကိုတော့ ၂၀၂၂ ခုနှစ်မှာ ထပ်တိုးသတ်မှတ်ခကြောင်း သိဟိရသည်။
Source- This year’s cycling award will be presented like the Ballon d’or/CNA/Newsinfrance
Photo-Reuters