APM ၊ ဂျုန် ၁၈ / ၂၀၂၃
ကျောက်ဖြူတွင် ဂျုန် ၁၈ ရက်နိညည့်က ကျောက်ဖြူအခြီစိုက် မြန်မာစ်စတပ် ခလရ (၃၄) မှ တပ်ဖွဲ့ဝင်များနန့် ကျောက်ဖြူ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းလျက် ဆယ်ကျော်သက်အရွယ်လူငယ် ၇ ယောက်ကို ဖမ်းဆီးလားကြောင်း သတင်းရ ဟိသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ ကိုဝေယံမင်း(၁၉နှစ်)၊ ကိုဖြိုးမင်းထွန်း(၁၈နှစ်)၊ ကိုရဲသူဖြိုး (၁၈နှစ်)၊ ကိုဆန်းလင်းဖြိုး(၁၉နှစ်)၊ ကိုအာကာမင်း(၁၉နှစ်)၊ ကိုဝေလင်းအောင်(၁၉နှစ်) နန့် ကိုလပြည့်ထွန်း(၁၉နှစ်) ရို့ဖြစ် ကတ်သည်။
၎င်းရို့ ၇ ယောက်သည် ဂျုန် ၁၇ ရက်နိ ညည့် ၉ နာရီခွဲက တောင်ရင်းရပ် ကွက်ဘောလုံးကွင်းအနားဟိ ဘုန်းကြီးကျောင်းရှိ ခုံတန်းတွင် ဖုန်းနန့် ဂိမ်းကဇတ်နီကတ်သည်ကို ခလရ(၃၄) တပ်ဖွဲ့ဝင်များနန့် မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းအင်အား ၄၀ လောက်က ဖမ်းယူလားခသည်။
နောက်ဆုံးရဟိသည့်သတင်းအရ သူရို့ ၇ ယောက်ကို အဆိုပါ ပူးပေါင်းတပ်ဖွဲ့ဝင်များက တောင်ရင်းရပ်ကွက်အုပ်ချုပ်ရီးမှူး နီအိမ်သို့ ခေါ်ယူလားခကာ ရပ်ကွက်အုပ်ချုပ်ရီးမှူးနန့် မိဖအုပ်ထိန်းသူများ အာမခံချက်ဖြင့် ဂျုန် ၁၇ ရက်နိ ညည့် ၁၀ နာရီ လောက်တွင် ပြန်လွှတ်ပီးလိုက်ကြောင်း သိရသည်။