
APM၊ ဂျုန် ၁၈ /၂၀၂၃
အိန္ဒိယနိုင်ငံတွင် ပြီးခသည့် ရက်များအတွင်း အပူလှိုင်းဒဏ်ကြောင့် လူအများဆုံးပြည်နယ် ၂ ခုမှ လူစုစုပေါင်း လူ ၁၀၀နီးပါး သီဆုံးလားကြောင်း အာဏာပိုင်များက ဒေနိ(ဂျုန် ၁၈ရက်နိ)၌ ထုတ်ပြန်ပြောကြားသည်။
သီဆုံးသူများသည် အူတာပရာဒတ်ချ်ပြည်နယ်မြောက်ပိုင်းနန့် ဘီဟာပြည်နယ်အရှိပိုင်းမှ ဖြစ်ကတ်ပြီး အဆိုပါဒေသများ တွင် အသက် ၆၀ အရွယ် သက်ကြီးပိုင်းများနန့် တခြားရောဂါအခံဟိသူများကို နိခင်းပိုင်းအတွင်း အိမ်ထဲ၌သာ နီထိုင်ကတ် ရန် အာဏာပိုင်များက သတိပီးညွှန်ကြားထားသည်။
ယင်းအထဲမှ အူတာပရာဒတ်ချ်ပြည်နယ်တွင် သီဆုံးသူ စုစုပေါင်း ၅၄ ယောက်ဟိပြီး သီဆုံးသူအများစုမှာ အသက် ၆၀ ကျော် အရွယ်များဖြစ်ကာ အယင်ကျန်းမာရီးအခြေအနီများကြောင့် အပူဒဏ်ကို မခံနိုင်ဘဲ သီဆုံးခသူ များသည်ဟု သိရသည်။
ပြီးခသည့် ဂျုန် ၁၅ ရက်နိမှ ဂျုန် ၁၇ရက်နိအထိ သုံးရက်အတွင်း အပူဒဏ်ကြောင့်ရောဂါအမျိုးမျိုးခံစားနီရသည့် လူနာ ၃၀၀ လောက် ခရိုင်ဆီးရုံတွေင် ရောက်ဟိနီကြောင်း ဘလီယာခရိုင် ဆီးဖက်ဆိုင်ရာအရာဟိ S. K. Yadav က ပြောကြားသည်။
ယင်းလူနာအများစုမှာလေ့ အသက် ၆၀နန့် အထက်ဖြစ်ပြီး အဖျားကြီးခြင်း၊အော့အန်ခြင်း၊ ၊ ဝမ်းလျှောခြင်း၊ အသက်ယှူရ ခက်ခဲခြင်းနန့် နှလုံးနန့် ပတ်သက်သည့် ရောဂါလက္ခဏာများကို ခံစားနီကတ်ရသည်ဟု ဆိုသည်။
အလားတူ ဘီဟာပြည်နယ်တွင် ဂျုန် ၁၆ရက်နိမှ ၁၇ရက်နိအတွင်း အပူဒဏ်ကြောင့် လူ ၄၂ယောက်သီဆုံးခပြီး သီဆုံးသူများ ထဲမှ ၃၅ယောက်သည် ပြည်နယ်မြို့တော် ပတ္တနာဟိဆီးရုံနှစ်ရုံတွင် ဆီးကုသမှုခံယူနီသူ များဖြစ်ကြောင်း၊ လက်ဟိအချိန်ထိ အဆိုပါဆီးရုံများတွင် လူနာ ၂၀၀ ကျော် ဆီးကုသမှုခံနီရကြောင်း သိရသည်။
ဘီဟာပြည်နယ်တွင် ဂျုန် ၁၇ရက်နိက အမြင့်ဆုံးအပူချိန် ၄၄.၇ ဒီဂရီစင်တီဂရိတ်(၁၁၃ ဒီဂရီဖာရင်ဟိုက်) စံချိန်တင်မြင့်တက် ခပြီး အူတာပရာဒတ်ချ်ပြည်နယ်တွင် ဒေနိတွင် အမြင့်ဆုံးအပူချိန် ၄၃ ဒီဂရီစင်တီဂရိတ် (၁၀၉ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့် တက်ခကြောင်း အိန္ဒိယ မိုးလီဝသဌာန(IMD) က ထုတ်ပြန်ထားသည်။
Source – Nearly 100 die as India struggles with a sweltering heat wave in 2 most populous states/ AP
Photo – AP
