APM၊ ဂျုန် ၁၈/၂၀၂၂
AA အပေါ်မကျေနပ်တိုင်း စစ်ကောင်စီတပ်က ရက္ခိုင်ပြည်သူများကို ဖမ်းဆီးနီသဖြင့် “ပြည်သူများအနီနန့် အလား အလာများကို သတိထားဆင်ခြင်ကတ်ဖို့” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)မှ ရက္ခိုင်ပြည်သူလူထုသို့ အကြံ ပြုတိုက်တွန်းထားသည်။
ဂျုန် ၁၄ ရက်နိက ကျင်းပပြုလုပ်ခသော “ရက္ခိုင်ပြည်သူ့အစိုးရ”၏ တတိယအကြိမ်မြောက် သတင်းစာ ယှင်းလင်း ပွဲတွင် သတင်းထောက်တယောက်၏ မိန်းမြန်းချက်ကို တုန့်ပြန်ဖြေကြားရာ၌ ULA/AA ပြန်ကြားရီးတာဝန်ခံ ဆရာ ဦးခိုင်သုခက ယင်းသို့ တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“စစ်တပ်က ကျနော်ရို့ကို မကျေနပ်တိုင်း ပြည်သူတိကို ဖမ်းစွာတိ၊ လမ်းလား လမ်းလာတိကို စစ်ဆီးစွာတိ၊ ဆိုင်ကယ်တိကို စစ်စွာတိ၊ ဖုန်းတိစစ်စွာတိ လုပ်နီစွာတိ ဟိပါရေ။ ယေဇူးနန့် ပြည်သူတိအနီနန့် လားစွာ လာစွာတိ ကို သတိထား ဆင်ခြင်ကတ်ဖို့ ပြောလိုပါရေ” ဟု ဆရာ ဦးခိုင်သုခက ဆိုသည်။
ယခုရက်ပိုင်း ဂျုန် ၁၆ ရက်နိမှစ၍ AAနန့်ဆက်စပ်သည်ဟုဆိုကာ ပုဏ္ဏားကျွန်းမြို့၌ စစ်ကောင်စီတပ်က လူဖမ်းပွဲ ကျင်းပလျက်ဟိရာ သုံးရက်အတွင်း လူ ၁၂ ယောက်ထက်မနည်း အဖမ်းခံထားရသည်ဟု ဒေသခံများက ပြောသည်။
ယင်းနည်းတူ ယခုဂျုန်လအတွင်းမှာပင် ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ အစဟိသော ရက္ခိုင်ပြည်မြို့နယ်များ၌ စစ်ကောင်စီ တပ်က AAနန့်ဆက်စပ်သည်ဟု အကြောင်းပြချက်ဖြင့် ရက္ခိုင်ပြည်သူ ဒါဇင်နန့်ချီ၍ ဖမ်းဆီးထားကြောင်းသိရသည်။
ရက္ခိုင့်တပ်တော် နန့် စစ်ကောင်စီတပ်( ယခင် မြန်မာစစ်တပ်) ရို့တိုက်ပွဲဖြစ်ပွားခသည့် ၂၀၁၈ ကာလကပင် ရက္ခိုင်ပြည်မှာ AAနန့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူစုစုပေါင်း ၂၀၀ကျော်အထိ ဟိခသည့်အနက် တချို့ကို ပြန်လွှတ် ပီးခကေလေ့ ယခုအချိန်အထိ အကျဉ်းထောင်များတွင် ဆက်ဖမ်းထားသူ ၁၀၀ ဝန်းကျင် ကျန်နီသိမ့်ကြောင်း သိရသည်။
